အမေရိကန်အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဖြုတ်ချခံရ

Author လင်းနွေဦး
Categories
Published on Oct 04, 2023

အမေရိကန် အိမ်ဖြူတော်၏ ပြော‌ရေးဆိုခွင့်ရှိသူရာထူးနေရာကို အမေရိကန်၏အင်အားကြီးပါတီနှစ်ခုဖြစ်သော Republicans(ရီပတ်ဘလစ်ကန်)ပါတီနှင့် Democrats(ဒီမိုကရက်စ်)ပါတီနှစ်ခုပူးပေါင်း၍ မဲပေးဆုံးဖြတ်မှုကို ယမန်နေ့ အောက်တိုဘာ ၃ ရက်နေ့ကပြုလုပ်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

လက်ရှိ ပြောဆိုခွင့်ရှိသူ ရာထူးကို ရီပတ်ဘလစ်ကန်ပါတီမှ Kelvin McCarthy(ကယ်လ်ဗင် မက်ကာသီ)က ရယူထားခြင်းဖြစ်ပြီး အစိုးရလုပ်ငန်းစဉ်များ မရပ်တန့်စေရန်အတွက် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရကစ်ပါတီနှစ်ခု ပူးပေါင်းကား မဲပေးဖြုတ်ချခဲ့ခြင်းဖြစ်သည်ဟု ယင်းသတင်းက ဆိုသည်။

မက်ကာသီကို ဖယ်ရှားရန်အတွက် ဒီမိုကရက်စ်ပါတီဝင် ၂၀၈ ဦးနှင့်အတူ ရီပတ်ဘလစ်ကန် ပါတီဝင် ၈ ဦးကပါ မဲပေးခဲ့ခြင်းဖြစ်ပြီး သမိုင်းတွင် ၂၁၀ မဲမှ ၂၁၆ မဲအထိ ရောက်ရှိခဲ့သောလွှတ်တော်အတွင်းမဲပေးမှုဟု မှတ်တမ်းဝင်ခဲ့သည်။

မက်ကာသီက “နောက်ထပ်ပြောရေးဆိုခွင့်နေရာကို ထပ်မံယှဉ်ပြိုင်တော့မည်မဟုတ်” ဟု သတင်းထောက်များကိုပြောဆိုသည်။

“ကျွန်တော် ယုံကြည်ရာအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ဆက်လက်တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်ထားပေမယ့် တခြားသောနည်းလမ်းတွေနဲ့ ဖြစ်ပါလိမ့်မယ်” ဟု ဆက်လက်ပြောကြားခဲ့ကြောင်း Reuters တွင် ဖော်ပြသည်။

ယခုကဲ့သို့ ဖြုတ်ချခံခဲ့ရပြီးနောက် နောက်လာမည့် ပြောဆိုခွင့်ရှိသူနေရာကို မည်သူရယူမည်ကို မပြောနိုင်သေးဘဲ အိမ်ဖြူတော်တွင်လည်း တစ်ပတ်ခန့်ပြောရေးဆိုခွင့်ရသူမရှိဘဲလုပ်ငန်းများဆက်လက်ဆောင်ရွက်သွားရဖွယ်ရှိကာ နေရာသစ်အတွက် အောက်တိုဘာ ၁၁ ရက်နေ့တွင် မဲပေးသွားဖွယ် ရှိသည်ဟု နိုင်ငံတကာသတင်းများတွင် ရေးသားဖော်ပြထားချက်အရ သိရသည်။

မက်ကာသီကို ဖြုတ်ချရန်အတွက် ဦးဆောင်သူမှာ ၎င်းနှင့် ရန်ဘက်ဟုကျော်ကြားသည့် ဖလော်ရီဒါမှ ရီပတ်ဘလစ်ကန်ပါတီဝင်တစ်ဦးပင်ဖြစ်သည့် Matt Gaetz(မက်ဒ် ဂေ့ဇ်)ဖြစ်ပြီး အစိုးရလုပ်ငန်းဆောင်တာများ မရပ်ဆိုင်းရရေးအတွက် ဒီမိုကရက်စ်များနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မက်ဒ် ဂေ့ဇ်မှ မက်ကာသီနှင့်ပတ်သက်ပြီး ” မက်ကာသီက ရွှံ့ဗွက်လိုလူမျိုးပါ။ သူက ရင်းနှီးမြုပ်နှံဖို့ငွေတွေစုဆောင်းပြီး သူ့ရဲ့ပါဝါကို မြှင့်တင်ဖို့ကြိုးစားခဲ့ပြီး တစ်ဖက်မှာ လည်း ဒီငွေတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပြန်ဖြန့်နေတာပါ။ ခုတော့ဒါကို ရပ်တန့်နိုင်ခဲ့ပါပြီီီ” ဟု မဲခွဲပြီးနောက် သတင်းထောက်များကို ပြောကြားသည်။

အခြားသော ဒီမိုကရက်စ်များ၊ ရီပတ်ဘလစ်ကန်များနှင့်မက်ကာသီတို့ ပွတ်တိုက်မှုများရှိခဲ့ပြီး ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Nancy Mace(နန်စီ မေ့စ်)မှလည်း ၎င်း၏အမြင်ကို ယခုကဲ့သို့ပြောကြားသည်။

“ကျွန်မလည်း မက်ကာသီကို ဖြုတ်ချဖို့ မဲပေးခဲ့ပါတယ်။သူက နိုင်ငံက မွေးဖွားနှုန်းအပေါ် ခွင့်ပြုမှုပိုမိုကောင်းမွန်ဖို့နဲ့ အဓမ္မစော်ကားခံရတဲ့ အမျိုးသမီးတွေအပေါ် ထောက်ပံ့မှုတွေ လုပ်ပေးဖို့ ကတိပေးခဲ့ပြီး ဖောက်ဖျက်ခဲ့တာကြောင့်ပါ” ဟု ပြောသည်။

ယခုအခါ အောက်တိုဘာ ၁၁ ရက်နေ့အတွက် အိမ်ဖြူတော်၏ပြောဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်မည့် လူပုဂ္ဂိုလ်ကို သတင်းမီဒီယာများနှင့် နိုင်ငံရေးလှုပ်ရှားသူများမှ စိတ်ဝင်တစားစောင့်ကြည့်နေကြပြီး မက်ဒ် ဂေ့ဇ်ပင် ပြောဆိုခွင့်ရှိသူအသစ်ဖြစ်လာမည်လားဟု ထင်ကြေးပေးပြောဆိုမှုများလည်းရှိနေသည်။

ဓာတ်ပုံ – Reuters
ပုံစာညွှန်း – ရာထူးမှ ဖြုတ်ချခံရသည့် မကာလ်သီကိုတွေ့ရစဉ်