အမေရိကန်နိုင်ငံသားများ အစိုးရအဆောက်အအုံနှင့် စစ်ဆေးရေးဂိတ်များကို ရှောင်ရှားရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးထုတ်ပြန်

Author လင်းခိုင်
Categories
Published on Sep 04, 2022

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံသားများအနေဖြင့် အစိုးရအဆောက်အအုံနှင့် စစ်ဆေးရေးဂိတ်များကို ရှောင်ရှားသွားလာရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာ ၂ရက် ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုက်ခိုက်မှု ၈ခုကိုသတိပြုမိခဲ့ပြီး တိုက်ခိုက်မှုများသည် အချိန်နေရာမရွေးဖြစ်ပွားနိုင်ပြီး အစိုးရအဆောက်အဦးများနှင့် လမ်းဘေးစစ်ဆေးရေးဂိတ်များကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် လုံခြုံရေး စစ်ဆေးရေးဂိတ်များ အစိုးရနှင့်ဆက်နွှယ်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် အစိုးရအဆောက်အဦးများအားလုံးကို တတ်နိုင်သမျှရှောင်ကြဥ်ရန် သံရုံးထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

ယင်းအပြင် ယာဥ်အသွားအလာစစ်ဆေးရေးဂိတ်များနှင့် အစိုးရအဆောက်အဦးနှင့် ကပ်လျက်လမ်းများကိုလည်း ရှောင်ရှားသွားလာရန် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ၎င်းနိုင်ငံသားများကို သတိပေးထားသည်။

မြန်မာနိုင်ငံရှိ အမေရိကန်နိုင်ငံသားများအနေဖြင့် ပြည်တွင်းပြည်ပသတင်းများ ဆိုရှယ်မီဒီယာသတင်းများကို ပုံမှန်စောင့်ကြည့်ရန် အရေးပေါ်အခြေအနေကို အမြဲတမ်းထားရှိရန် စသည့် အချက်ငါးချက်ပါ လုပ်ဆောင်ရန်များကိုလည်း သံရုံးထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

Related News

Depend on news