အမေရိကန်ဒေါ်လာ ၂ သိန်းကျော်မှ ၂ သန်းကျော်အထိ သတ်မှတ်ထားသည့် ကျောက်မျက်လုပ်ကွက် ၄၅ ကွက်အား NUG မှ ရောင်းချမည်

Author လင်းခိုင်
Categories
Published on Jan 31, 2023

 

အမေရိကန်ဒေါ်လာ ၂ သိန်းကျော်မှ ၂ သန်းကျော်အထိ စျေးနှုန်းများသတ်မှတ်ထားသော ကျောက်မျက်လုပ်ကွက် ၄၅ ကွက်ကို အမျိုးသားညီညွတ်ရေးအစိုးရမှ ရောင်းချမည်ဖြစ်ကြောင်း The End of Dictatorship မှ သိရသည်။

Early Partnership Program ၏ ပွဲဦးထွက် မိုးကုတ်ပတ္တမြားမြေ ကျောက်မျက်ရှာဖွေတူးဖော်ရေး လုပ်ပိုင်ခွင့်ကို ရောင်းချပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မိုးကုတ်မြေသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး အဖိုးတန် ပတ္တမြားများနှင့် အခြားကျောက်မျက်ရတနာ ထွက်ရှိသည့် ဒေသဖြစ်ကာ၊ ဒေါ်လာသန်းချီတန်သည့် ကျောက်များ ထွက်ရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း လည်းသိရသည်။

ကျောက်မျက်တူးဖော်ရေး လုပ်ငန်းမှ အာဏာရှင်စစ်အစိုးရအဆက်ဆက်နှင့် ပက်သွယ်ဆက်နွယ်သူများ ချမ်းသာကုန်သဖြင့် ယင်းမမှန်ကန်သည့် စနစ်ကို နွေဦးတော်လှန်ရေးနှင့်အတူ ပြောင်းလဲရမည်ဟု The End of Dictatorship ကဆိုသည်။

Early Partnership Program ၏ Mogok Project တွင် စနစ်တကျ စီမံထုတ်လုပ်စေနိုင်ရန်အတွက် လုပ်ပိုင်ခွင့်အား ၁၀ ခွင့်ပြုထားမည်ဖြစ်ပြီး၊ လုပ်ငန်းရှင်သည် ပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်းနှင့် ပြည်သူကိုယ်စားပြု ဖက်ဒရယ်အစိုးရမှ ပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်း သတ်မှတ်မည် ဖြစ်ကြောင်းလည်း သိရသည်။

Mogok Project တွင် လုပ်ကွက် ၄၅ ကွက်ကို ရောင်းချသွားမည်ဖြစ်ကာ လုပ်ကွက်တစ်ကွက်၏ တန်ဖိုးသည် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၂၃၅၂၀၀ မှ အမြင့်ဆုံး ၂၈၂၂၄၀၀ သတ်မှတ်ထားသည်။

တော်လှန်ရေးကာလအတွင်း အထူးလိုအပ်သည့် ဘဏ္ဍာရန်ပုံငွေများ အလျှင် အမြန်ဖြည့်ဆည်းရန်နှင့် လိုက်ပါမည့် လုပ်ငန်းရှင်များ အကျိုးအမြတ်များစေရန် လုပ်ကွက်များ၏ တန်ဖိုးကို ကာလပေါက်စျေး၏ ၃၀ ရာခိုင်နှုန်း သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ သတ်မှတ်တန်ဖိုးအား တော်လှန်ရေးကာလတွင် အပြီးပေးသွင်းရန် မလိုဘဲ သတ်မှတ်တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းကိုသာ ယခုကာလတွင် ပေးသွင်းပြီး၊ တော်လှန်ရေးအလွန် လုပ်ငန်းများစတင်ချိန်၌ ကျန် ၆၀ ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #မိုးကုတ်ပရောဂျက်