အထက်တန်းကျောင်းတစ်ခုမှ ကျောင်းသူ ၁၀ ဦးခန့် အသက်ရှုကြပ်၍ မူးလဲ၊ အောက်ဆီဂျင်ပေးရသည်အထိ ဖြစ်ခဲ့


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၏ ကျေးရွာအထက်တန်းကျောင်းတစ်ခု၌ ကျောင်းသူ ၁၀ ဦးခန့်သည် အသက်ရှူကြပ်ခြင်း၊ မွန်းခြင်း၊ အသက်ရူမဝခြင်းတို့ဖြစ်ကာ အချို့မှာ မူးလဲခဲ့ကြောင်းသိရသည်။

“အခုဖြစ်တဲ့ ကျောင်းသူတွေထဲမှာတော့ အရင်ထဲကအသက်ရှုကြပ်တက်တဲ့ ကလေးတွေလဲ ပါတယ် ၊ အများစုက အခုမှ ဖြစ်ကြတာ ဘာကြောင့်တော့မသိရသေးပေမယ့် ဆရာဝန်တွေကတော့ မစိုးရိမ်ရဘူးပြောတယ်၊ တစ်ချို့ကျောင်းသူတွေ အောက်ဆီဂျင်ပေးရတဲ့အထိ ဖြစ်ခဲ့တယ်” ဟု ဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

ဖြစ်စဥ်မှာ ယနေ့ နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်ခန့်က မြောက်ဦးမြို့၊ ကျွဲတဲကျေးရွာ၊ ကျွဲတဲ အထက်တန်းကျောင်း၌ Grade 7 မှ Grade 11 အထိ ကျောင်းသူများမှာ စာသင်နေချိန် အသက်ရှုကြပ်ခြင်း၊ အသက်ရှုမဝဘဲ မူးလဲခြင်းများ ဖြစ်ပွားခဲ့သဖြင့် ကျောင်းရှိဆရာဆရာမများမှ မြောက်ဦးဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သည့် ဆေးကုသမှုများလုပ်ဆောင်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါကျောင်းမှာ မူလတန်းမှ အထက်တန်းအထိ ပညာသင်ယူနေသည့် ကျောင်းသားရာချီရှိနေကာ ယနေ့ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အတွက် စိုးရိမ်မှုများရှိနေခဲ့ကြောင်း ဒေသခံ မိဘများထံမှ သိရသည်။

ဓာတ်ပုံ-CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရခိုင်ပြည် #မြောက်ဦးမြို့