အဆိုတော်စောဖိုးခွားကို စစ်ကောင်စီက ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီး၍ ထောင်ပြောင်းရန်စီစဥ်နေ

Author ကိုပေါက်
Categories
Published on Nov 15, 2022

 

အင်းစိန်အကျဥ်းထောင်ကနေ ယနေ့ နံနက်ပိုင်းက ပြန်လွှတ်ပေးခဲ့သည့် အဆိုတော်စောဖိုးခွားကို စစ်ကောင်စီ၏ အမိန့်အရ ထောင်ဗူးဝတွင်ပြန်လည်ဖမ်းဆီး၍ ထောင်ပြောင်းရွေ့ရန် စီစဥ်နေသည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူတွေဆီက သိရသည်။

အင်းစိန်အကျဥ်းထောင်က ယနေ့ နံနက်ပိုင်းက ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် အဆိုတော်စောဖိုးခွားကို ပြန်လွှတ်ပေးခဲ့ရာ စစ်တပ်မှကြေးနန်းအရေးပေါ်ဝင်လာ၍ ပြန်လည်ဖမ်းဆီးခဲ့သည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“လွှတ်တဲ့သတင်းကမှန်တယ် စစ်တပ်က အမှုကျန်သေးလို့ဆိုပြီး ပြန်ဖမ်းခိုင်းတယ် သာယာဝတီထောင်ကို ပို့မယ်လို့ပြောတယ် “ဟု ရှင်းပြသည်။

အဆိုတော် စောဖိုးခွားကို ပြန်လွှတ်ပေးခဲ့ရာမှ တရားစွဲဆိုထားသည့် အမှုတွေကျန်နေသေးသည့်အတွက် ပြန်လည် ဖမ်းဆီးခဲ့တာဖြစ်သည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်က စစ်ကောင်စီ ဝါဒဖြန့်သတင်းဌာနတွေကို ဖြေဆိုထားသည်။

“ပြန်ဖမ်းပြီး ထောင်ထဲထည့်လိုက်ပါပြီ နယ်ဘက်ထောင်ကို ပို့ဖို့ အကျဥ်းဦးစီးကို ညွန်ကြားထားပါတယ်”ဟု ဇော်မင်းထွန်းမှ ဝါဒဖြန့်ချီရေး သတင်းဌာနများကို ဖြေကြားထားသည်သည်။

စစ်တပ်က အာဏာသိမ်းသည့်နေ့တွင် အဆိုတော်စောဖိုးခွားကို ဖမ်းဆီးခဲ့ပြီး သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) ပုဒ်မ ၅၀၅ (ခ) တို့နဲ့ပါ တရားစွဲဆိုခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာဖြစ်သည်။

“တိုင်းရင်းသားအဆိုတော် တစ်ဦးကို မတရားအမှုဆင်တာပါ၊ အာဏာသိမ်းတဲ့ နေ့ထဲက ဖမ်းခံရတာကို ဘယ်လိုလုပ် ထောင်ထဲကလူက အမှုတွေ ထပ်လုပ်နိုင်မှာလဲ၊ ခေါင်းရှိသူတိုင်း တွေးနိုင်တယ်၊ ဒေါ်စိန်အေးရဲ့သားတွေက ခေါင်းမရှိတော့ မတရားမှုတွေကို ဆက်တိုက်လုပ်နေတာ”ဟု စောဖိုးခွား၏ ပရိသတ်တစ်ဦးမှ မှတ်ချက်ပြုသည်။

ဓာတ်ပုံ-Google

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #စောဖိုးခွား

Related News

Depend on news