အစ္စရေး-ပါလက်စတိုင်းအရေး သူတို့တွေဘာတွေပြောလဲ?

Author လင်းနွေဦး
Categories
Published on Oct 09, 2023

မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှုတစ်ခုကို ပါလက်စတိုင်း ဟားမက်စ် စစ်သွေးကြွအုပ်စုဘက်ကနေ ပြီးခဲ့တဲ့ စနေနေ့ အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးအပေါ် စတင်ကျူးလွန်ခဲ့ပါတယ်။

ဒုံးအစင်း ၂၀၀၀ ကနေ ၅၀၀၀ ကြား အစ္စရေးနိုင်ငံထဲပစ်လွှတ်ခဲ့တာဖြစ်ပြီး များပြားလှတဲ့ဒုံးတွေကြောင့် အစ္စရေး လေကြောင်းကာကွယ်ရေးစနစ်လည်း အလုပ်များခဲ့ရပါတယ်။

တချို့သော ဒုံးတွေ ကျရောက်ပေါက်ကွဲလို့ အစ္စရေး ပြည်သူ ရာနဲ့ချီသေဆုံး ပြီး တော်တော်များများ ထိခိုက်ဒဏ်ရာရရှိကာ အိမ်တွေပျက်စီးတာမျိုးတွေ ဖြစ်ခဲ့တာကြောင့် အစ္စရေးဘက်လည်း လက်တုံ့ပြန်ခဲ့တာပါ။

ဟားမက်စ်တွေဟာ စစ်ကြေညာလိုက်တာလို့ အစ္စရေးဘက်က ပြောကြားခဲ့ပြီး သူတို့လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမယ်လို့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu(ဘန်ဂျမင် နေသန်ရာဟု)က ကတိပေးပြောကြားခဲ့ပါတယ်။

သူကတိပေးပြီး မကြာလိုက်ဘဲ အစ္စရေးဘက်ကလည်း ဂါဇာမြို့ရှိ ဟားမက်စ်ပစ်မှတ်တွေပေါ်ကို ဒုံးပစ်လွှတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုတွေပြန်လည်ပြုလုပ် လက်စားချေလိုက်ပါတယ်။

ခုဆိုရင် စစ်ရေးအနီရောင်အဆင့်ကိုရောက်ရှိပြီး နှစ်ဘက် သေဆုံးသူ အရေအတွက်နဲ့ ဒဏ်ရာရရှိသူအရေအတွက်တွေဟာ ထောင်ဂဏန်းနားကိုတောင် ရောက်ရှိလာနေပါပြီ။

ဒီအပေါ်ကို နိုင်ငံတကာက ဘယ်လိုမှတ်ချက်ပေးသလဲဆိုတာ ကြည့်ရအောင်ပါ။

United States(အမေရိကန်)
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ဟားမစ်ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းကို အာပေါင်အာရင်းသန်သန်ပြောဆိုခဲ့တာပါ။

တိုက်ခိုက်ခံရပြီး မကြာမီပင် အစ္စရေးဝန်ကြီးချုပ် နေသန်ရာဟုကို ဖုန်းခေါ်ဆိုခဲ့ပြီး လိုအပ်သောသတင်းအချက်အလက်နဲ့ သိလိုသည်များမေးမြန်းဆွေးနွေးခဲ့တယ်လို့ အမေရိကန် အိမ်ဖြူတော်က ယခုလိုအတည်ပြုခဲ့သည်။

“သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ နောက်ဆက်တွဲသတင်းများကို ဆက်လက်ရရှိနေမှာဖြစ်ပြီး အိမ်ဖြူတော်အနေနဲ့လည်း အစ္စရေးလက်တွဲဖော်များနဲ့ အဆက်အသွယ်မပြတ်ရှိနေပါမည်”

France (ပြင်သစ်)
ပြင်သစ် သမ္မတ အမ်မနျူရယ် မက်ခရွမ်

“အစ္စရေးအပေါ် တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ် ကျွန်တော့်အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါတယ်။ ဒုက္ခသည် ပြည်သူတွေနဲ့ သူတို့ရဲ့မိသားစုတွေနဲ့အတူ ရပ်တည်ကြောင်း ဖော်ပြလိုပါတယ်”

အစ္စရေးရှိ ပြင်သစ်သံရုံးကလည်း ဟားမစ်တွေရဲ့ တိုက်ခိုက်မှုအပေါ်
“လက်ခံနိုင်စရာ မရှိတဲ့အကြမ်းဖက်တိုက်ခိုက်မှု” လို့ သုံးနှုန်းခဲ့ပါသေးတယ်။

Germany(ဂျာမနီ)
ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး အန်နလီနာ ဘယ်အာဘော့

“ဂါဇာကနေ အစ္စရေးကို တိုက်ခိုက်တဲ့အပေါ် တင်းကြပ်စွာ ရှုတ်ချပါတယ်။ ဟားမက်စ်တွေဟာ အကြမ်းဖက်မှုတွေကိုကြီီးထွားအောင် လုပ်နေသလိုပဲမြင်ပါတယ်”

India(အိန္ဒိယ)
ဝန်ကြီးချုပ် မိုဒီ

“အစ္စရေးခုလို တိုက်ခိုက်ခံရတာဟာ ရှေ့အကြီးဆုံးရမိပြီး အစ္စရေးရဲ့ ခက်ခဲနေချိန်မှာ အိန္ဒိယ အနေနဲ့ အတူ ရပ်တည်ပါတယ်”

Japan( ဂျပန်)
နိုင်ငံခြားရေးရာ ဝန်ကြီးဌာနထုတ်ပြန်ချက်

“ဂျပန် အနေနဲ့ ပါဝင်သူအားလုံး ပိုမိုဆိုးရွားတဲ့ ထိခိုက်မှုတွေ ဖြစ်မလာအောင် ရပ်တန့်ဖို့ တိုက်တွန်းလိုပါတယ်”

NATO(The North Atlantic Treaty Organization)
NATO ပြောရေးဆိုခွင့်ရှိသူတစ်ဦး

“ကျွန်တော်တို့ဟာ ထိခိုက်ခံရတဲ့သူတွေနဲ့ ဒုက္ခသည်တွေနဲ့ ရှိနေမှာဖြစ်ပြီး အကြမ်းဖက်ဝါဒီဟာ လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး အစ္စရေးမှာ ခုခံကာကွယ်ပိုင်ခွင့် အပြည့်အဝရှိနေပါတယ်”

Russia (ရုရှား)
ဒုတိယနိုင်ငံခြားရေးရာ ဝန်ကြီး မီခါလီရယ် ဘော့ဒါနော့ဗ်

“အစ္စရေး -ပါလက်စတိုင်း အရေးထိန်းချုပ်ရန် သတိပေးပြောကြားနေသည်ကြားမှပင် မပြောမဆို ဖြစ်ပွားခဲ့ရပါတယ်”

United Kingdom, UK(အင်္ဂလန်)
အင်္ဂလန် နိုင်ငံခြားရေးရာ အတွင်းရေးမှူး James Cleverly

“အင်္ဂလန်အနေနဲ့ ဟားမက်စ်ရဲ့ အကြမ်းဖက်လုပ်ရပ်််ကို ကန့်ကွက်ရှုတ်ချပြီး အစ္စရေးရဲ့ ခုခံကာကွယ်ခွင့်အပေါ်ကို ထောက်ပံ့အားပေးမှုတွေ ရှိနေပါမယ်”

အာရပ်အသင်းချုပ်(Arab League) အကြီးအကဲ အာမက် အဘူလ် ဂေဟိုက်

“ဂါဇာမြို့မှာ စစ်ဆင်ရေးတွေ ချက်ချင်းရပ်တန့်ပြီး နှစ်ဖက် ကြားလက်နက်ကိုင်သံသရာကို အဆုံးသတ်ဖို့ လိုတယ်” လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

သူကတော့ အစ္စရေးကို အမြင်မကြည်သူတစ်ယောက်လို့သတ်မှတ်ရမယ့် အာမက်က
“အစ္စရေးရဲ့ အကြမ်းဖက်မှုနဲ့ အစွန်းရောက်မူဝါဒများကို ဆက်လက်ဖော်ဆောင်နေလို့ရှိရင် ကြိုတင်မြင်နေရတဲ့ အနာဂတ်မှာ တည်ငြိမ်မှုအတွက် ပိတ်ပင်မှုကိုပေးစေမယ့် ကြီးမားတဲ့ ချိန်ကိုက်ဗုံးတစ်ခုလိုဖြစ်စေလိမ့်မယ်” လို့ ပြောခဲ့တာပါ။

Iran(အီရန်)(အီရန် ရဲ့ နိုင်ငံခြားဝန်ကြီးဌာနမှ ပြောဆိုချက်)

အီရန် ကတော့ ပါလက်စတိုင်းရဲ့ မိတ်ဖက်လို့ ဆိုတဲ့အတိုင်း ဟားမက်စ်တွေဘက်ကပါ။

အီရန် ရဲ့ နိုင်ငံခြားဝန်ကြီးဌာနမှ ပြောဆိုခွင့်ရှိသူ နက်ဆာ ကာနာနီ
” မိတ်ဖက် ဟားမက်စ်တွေအနေနဲ့ ယခုလို တိုက်ခိုက်မှုဟာ အစ္စရေးရဲ့ လုပ်ရပ်တွေကိုရင်ဆိုင်ဖို့ ယုံကြည်မှုတွေတိုးလာတာကို ပြသခြင်းဖြစ်တယ်” လို့ ဆိုပါတယ်။

အီရန်ရဲ့ ခေါင်းဆောင်ချုပ် အလီ ဟူရဲ့ အကြံပေး
” အီရန်မှလည်း ပါလက်စတိုင်းရဲ့ တိုက်ခိုက်မှုကို အားပေးထောက်ခံပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Brazil(ဘရာဇီးလ်)

ယခုနှစ်အတွက် United Nation Security Council(U.N.S.C)ရဲ့ ဥက္ကဋ္ဌ ရာထူးကို ရယူထားတဲ့ ဘရာဇီးလ်က‌တော့ ဒီတိုကိခိုက်မှုတွေဖြစ်ပြီးမကြာမီပဲ အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် သူတို့ရဲ့ သဘောထားကိုလည်း ယခုလိုထုတ်ဖော်ခဲ့ပါတယ်။

“”ဘရာဇီးလ် အစိုးရအနေနဲ့ ဂါဇာကမ်းမြှောင်ဘက်က အစ္စရေးအပေါ် ဗုံးကြဲမှုနဲ့ မြေပြင်တိုက်ခိုက်မှုတွေလုပ်တာကို ပြင်းပြင်ထန်ထန် ကန့်ကွက်ရှုံ့ချပါတယ်”

Belgium(ဘယ်လ်ဂျီယံ)

ဘလ်ဂျီယံ နိုင်ငံခြားဆက်ဆံရေးဝန်ကြီး Hadja Lahbib(ဟက်ဒ်ဂျ လက်ဘဘ်)
” ဘယ်လ်ဂျီယံအနေနဲ့ အစ္စရေးပြည်သူတွေအပေါ် ယခုလို ထောင်ချီတဲ့ ဒုံးများနဲ့ တိုက်ခိုက်ခဲ့တာကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး ဖြစ်ရပ်များအပေါ် အနီးကပ်စောင့်ကြည့်နေပါတယ်”

China( တရုတ်)
မြို့တော် ဘေဂျင်းမှ ထုတ်ပြန်သောစာ

“ရက်သတ္တပတ် ပိတ်ရက်အတွင်း ကြီးထွားလာတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခများအတွက် အထူးစိုးရိမ်ကြောင်းနဲ့ နှစ်ဖက်လုံးကို စိတ်အေးသက်သာမှုပြသရန် တိုက်တွန်းပါတယ်”

European Commission(ဥရောပ ကော်မရှင်)
အနောက်နိုင်ငံများပါဝင်ဖွဲ့စည်းထားသော ဥရောပ ကော်မတီ ဥက္ကဋ္ဌ Ursula von der Leyen (ယူဆူလာ ဗွန်ဓီ လီယမ်)

” ကျွန်မအနေနဲ့ ဟားမက်စ်ရဲ့ လုပ်ရပ်အပေါ် အတိအလင်း ရှုတ်ချလိုပြီး အစ္စရေးမှာ ယခုလို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေအတွက် ခုခံပိုင်ခွင့် အပြည့်အဝ ရှိနေပါတယ်”

တခြားသောနိုင်ငံအမျာတခြားသောနိုင်ငံအများအပြားမှလည်း အစ္စရေးဘက်မှ ရပ်တည်ခဲ့ကြပြီး ဟားမက်စ်ရဲ့ အကြမ်ဖက် လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချခဲ့ကြပါသေးတယ်။

ယခုဖြစ်ပွားနေသော အစ္စရေး-ပါလက်စတိုင်းအရေးသည် နိုင်ငံတကာမှ မျက်စိဒေါက်ထောက်ကာ ကြည့်နေရသော အရေးကိစ္စဖြစ်ပြီး အချိန်တိုအတွင်း ကမ္ဘာစစ်အသွင် ကူးပြောင်းနိုင်သည့် အလားအလာများမြင်နေရသောကြောင့် ကမ္ဘာ့ခေါင်းဆောင်များမှလည်း သတိထား ကိုင်တွယ်နေရပါတယ်။

ဓာတ်ပုံ – AP

Related News

Depend on news