အင်္ဂပူ အထကကျောင်း မီးလောင်မှု ဝါယာရှော့ဟု မီးသတ်ဌာနထုတ်ပြန် သိန်း ၅၀၀နီးပါး ဆုံးရှုံးခဲ့ဟုဆို

Author ကိုပေါက်
Categories
Published on Oct 16, 2022

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် အမှတ် ၁ရပ်ကွက်၊ ငုရွှေဝါလမ်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ရာ တန်ဖိုးသိန်းငါးရာနီးပါး ပျက်စီးဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

အ-ထ-က(အင်္ဂပူ)ကျောင်းတွင် ယနေ့ နံနက် ၂ နာရီက Grade-8(A)ခန်းရှိ လျှပ်စစ် မီးပလပ်ခုံမှ မီးပွားကျပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ အခြားစာသင်ခန်းများသို့ မီးကူးဆက်လောင်ကျွမ်းခဲ့တာဖြစ်သည်ဟု မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောသည်။

“ရှို့မီးမဟုတ်ဘူး ဝါယာရှော့ဖြစ်တာ အဲ့ဒီအခန်းကနေ အခြားအခန်းတွေကို မီးကူးစက်ပြီးလောင်သွားတာ သိန်းငါးရာ နီးပါး ဆုံးရှုံးသွားတယ်”ဟု ရှင်းပြသည်။

အဆိုပါ မီးလောင်မှုကို ဟင်္သာတခရိုင်မီးသတ်နှင့် အင်္ဂပူမြို့နယ်မီးသတ်မှ မီးသတ်ကား ၁၁ စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီခွဲမှ မီးငြိမ်းသတ်နိူင်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက CJ Platform ကို ပြောသည်။

မီးလောင်မှုကြောင့် အ-ထ-က(အင်္ဂပူ)ကျောင်းရှိ စာသင်ခန်း၁၇ခန်း ၊ဘုရားခန်း၁ခန်း ၊ကွန်ပျုတာခန်း၁ခန်း၊Language Lab ၁ခန်း ၊‌ရုံးခန်း၁ခန်း ၊သိပ္ပံခန်း၂ခန်း၊ နားနေခန်း၁ခန်း၊ စတိုခန်း၂ခန်းတို့ မီးလောင်ဆုံရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး၄၉၁သိန်းခန့်ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။