အင်းတော်မြို့နယ် နတ်မဟုတ်ရွာအား စစ်ကောင်စီတပ်မှ မီးရှို့

Author ခေတ်နီ
Categories
Published on Nov 28, 2022

 

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ နေ့လယ်ပိုင်းမှစတင်ကာ မီးရှို့ဖျက်ဆီးနေကြောင်း Indaw revolution-TR တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နတ်မဟုတ်ကြီးရွာကို စစ်ကောင်စီတပ်မှ ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် နေ့လယ်မှ စတင်ကာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေခဲ့တာဖြစ်ပြီး ကျေးရွာသား ရှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

“မနေ့ နေ့လယ်ကတည်းက စစ်ကြောင်းဝင်လာတာ ဒေသခံ၈ယောက်ကို ဖမ်းခံရတယ်တော့ လတ်တလော ကြားသိထားပါတယ်၊ အခြေနေကတော့ အသေးစိပ်မသိရသေးပါဘူးဗျ”ဟု IRတာဝန်ရှိသူတစ်ဦးမှ CJ Platform သို့ပြောပြသည်။

စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရူံးမှု အခြေအနေကိုမသိရှိရသေးပဲ စစ်ကောင်စီတပ်မှ ကျေးရွာသားတစ်ဦးကိုလည်း သတ်ဖြတ်ထားကြောင်း သတင်းများထွက်ပေါ်နေတာကြောင့် CJ Platform အနေဖြင့် သီးခြား စုံစမ်းနေစဲဖြစ်သည်။

ဓာတ်ပုံ- Indaw revolution-TR
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #အင်းတော်မြို့နယ် #နတ်မဟုတ်ကြီးကျေးရွာ #မီးရှို့ခံရ