အင်းတော်ဒေသ ၂ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၆၀ နီးပါးသေဆုံး

Author လင်းခိုင်
Categories
Published on Dec 31, 2022

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်များတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်သား ၆၀ နီးပါးသေဆုံးခဲ့ကြောင်း Indaw Revolution -IRမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်များတွင် အင်းတော် မြို့နယ်အတွင်း ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အင်းတော်PDFနှင့် KIAပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပဲ ဖြစ်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ အင်အား၁၀၀ ကျော်ပါစစ်ကြောင်းမှ ၅၉ဦးသေဆုံးခဲ့ကာ ရုပ်အလောင်းများကို တိုက်ပွဲဖြစ်ပွားရာ အလယ်ဆိပ်ရွာ၏ နေအိမ်များနှင့် ကောက်လှိုင်းစည်းများနှင့်ရောကာ မီးရှို့သွားကြောင်း တွေ့ရသည်။

” ကျနော်တို့ နယ်မြေရှင်းတော့ ကောက်ရိုးပုံတွေမှာ မီးရှို့ထားတာတွေ့တာပေါ့ အရိုးတွေပေါ့ စစ်ကြောင်းက တဝက်ကျော်လောက် ပြူတ်သွားတာ”ဟု IR အဖွဲ့မှတာဝန်ရှိသူကပြောသည်။

ထို့အပြင့် အဆိုပါစစ်ကောင်စီစစ်တပ်ကြောင်းသည် ညတွင်းချင်းပင် ကျောင်းကုန်းဖက်မှအင်အား ၆၀ခန့်ဖြင့် အင်အားဖြည့်ကာ အင်းတော်မြို့အတွင်း ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

“သူတို့ကညတွင်းချင်း အင်အားဖြည့်ပြီးအင်းတော်ကိုဝင်သွားတာ ဘုန်းကြီးကျောင်းထဲမှာဆေးကုနေတယ်တဲ့ ၄၀လောက်ထိထားတယ်လို့လဲ အဲ့ကဒေသခံတွေကပြောတယ်”ဟု ၎င်းမှ ဆက်ပြောသည်။

အဆိုပါတိုက်ပွဲများအတွင်းစစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူများလည်းအသုံးပြုခဲ့ပြီး တိုက်ပွဲများအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တပ်သား သုံးဦးလည်းထိခိုက်ဒဏ်ရာများရရှိခဲ့ပါသေးသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #အင်းတော်