အင်းတော်တွင် အမျိုးသမီးတစ်ဦး စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး အဆက်အသွယ် ပြတ်တောက်နေ

Author လင်းခိုင်
Categories
Published on Feb 01, 2023

 

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် အမျိုုးသမီးတစ်ဦးကို စစ်ကောင်စီတပ်များမှ ဖမ်းဆီးသွားပြီး နောက်ပိုင်း မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း အင်းတော် ဒေသခံများထံမှ သိရသည်။

အင်းတော်မြို့မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်ရက်နေ့မှာ အလှပြင်ပစ္စည်းများဝယ် ရန်လာသည့် အသက်၂၅နှစ်အရွယ် မနွေနွေဆိုသူကို စစ်ကောင်စီတပ်များမှ ဖမ်းဆီးခေါ်ဆောင်သွားတာပဲ ဖြစ်သည်။

ထိုသို့ ဖမ်းဆီးပြီးနောက် မနွေနွေအား စစ်ကောင်စီတပ်များမှ အင်းတော်မြို့ စစ်တပ်ကုန်း သို့ ခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်အထိ ၎င်းနှင့်ပတ်သတ်သည့် မည်သည့် သတင်းတစုံတရာမှ မိသားစုဝင်များမှ မရရှိသေးတာပဲ ဖြစ်သည်။

“အဲ့ဖမ်းသွားတဲ့နေရာက ပုံမှန်ကို အစစ်အဆေးမရှိဘူး အဲ့နေ့မှာ စစ်ဆေးတာတွေရှိလာတာ သတင်းရတယ်လို့ပဲ ပြောရမှာပေါ့ ဖမ်းခံရတည်းက ခုထိသူ့မိသားစုက အဆက်အသွယ် မရသေးဘူး”ဟု အင်းတော်ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် မနွေနွေသည် မိတ်ကပ်အလှပြင်သည့် လုပ်ငန်းကို လုပ်ဆောင်သူတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်ကလည်း NUGစာသင်ကျောင်းကို ဗလာစာအုပ်နှင့် စာရွက်စာတမ်းများ လှူဒါန်းသည်ဟုဆိုကာအင်းတော် ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #အင်းတော်မြို့ #မနွေနွေ