အင်းတော်တွင် စစ်ကောင်စီတပ်နှင့် အင်းတော်PDF တို့ တိုက်ပွဲဖြစ်

Author ခေတ်နီ
Categories
Published on Dec 17, 2022

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ညောင်ကုန်းရွာအနီး ထီးချိုင့်မြို့နယ်က ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် အင်းတော်PDFတို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း Indaw Revolution -IRအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အင်းတော်မြို့နယ်၊ ညောင်ကုန်းရွာနားမှာ ထီးချိုင့်မြို့နယ်က ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် အင်းတော်PDFတို့ ယမန်နေ့ မနက်ပိုင်း မနက် ၇ နာရီနှင့် မနက် ၉နာရီတို့မှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ အထိအခိုက်ရှိနေပေမယ့် အတည်ပြုမရသေးကြောင်းလဲ IRအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ကျနော်တို့က သတင်းကြိုရတာပေါ့ သူတို့က ထီးချိုင့်မှာမီးရှို့ပြီး အင်းတော်ကိုပြန်ဝင်တာပေါ့ အရပ်သားတွေတော့ ထိခိုက်တာမရှိဘူး သတင်းကြိုရထားတော့ ရှောင်ခိုင်းထားရတယ် စစ်တပ်ဘက်က အသေအပျောက်ကတော့ရှိတယ် အတိအကျတော့ မသိရသေးဘူး”ဟု ပြောသည်။

အဆိုပါ စစ်ကြောင်းသည် စစ်ကောင်စီတပ်၏ တပ်မ ၈၈ လက်အောက်ခံတပ်များဖြစ်ပြီး
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဂျုံးဂျုံးဂျကျေးရွာ ရွာသစ်ပိုင်း နဲ့ ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်ရှိ ရွှေအင်းတော်စားသောက်ဆိုင် နှင့် ဂျုံးဂျုံးဂျ ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့မနက်ပိုင်းမှာလည်း အဆိုပါကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲ အခြေအနေကိုတော့ မသိရှိရသေးပါဘူး။
ဓာတ်ပုံ- Indaw Revolution -IR
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အင်းတော် #ညောင်ကုန်းရွာ #ထီးချိုင့်