အင်းတော်တွင် စစ်ကောင်စီကြောင့် လူငယ်တစ်ဦး သေဆုံး

Author ခေတ်နီ
Categories
Published on Oct 31, 2022

စစ်ကိုင်းတိုင်း အင်းတော်တွင် စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မှုကြောင့် လူငယ်တစ်ဦး သေဆုံးသွားကြောင်း Indaw Revolution -IRကသတင်းထုတ်ပြန်ထားသည်။

အင်းတော်မြို့နယ်အတွင်း အင်အား၁၀၀ခန့်ဖြင့် စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် မော် တိတ်ဒေသ ရွာသာယာရွာသို့ အောက်တိုဘာလ ၃၀ ရက်တွင် ရောက်ရှိစဥ် အဆိုပါကျေးရွာရှိ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို ပကဖ သင်တန်းဆင်းဟုဆိုကာ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် ယခုမနက်ပိုင်းမှာလဲ လူငယ်တစ်ဦးအား ထပ်မံဖမ်းဆီးသွားပြီး တုံ့တော်ရွာနှင့် အောင်းကုန်းကျေးရွာများသို့ ရောက်ရှိနေကြောင်း သိ ရသည်။