အင်းစိန် လေတပ်ဝန်းထဲ ဗုံးခွဲတိုက်ခိုက်

Author ကိုထက်
Categories
Published on Mar 09, 2024

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းအနီးက စစ်ကောင်စီလေတပ်ဝန်းအတွင်း ယမန်နေ့(မတ်လ ၈ ရက်) ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

 

“၆နာရီ ၃၅ မိနစ်လောက်က ရပ်ကွပ်ရှေ့လေးတင် လေတပ်က လိုင်းခန်းတွေဘက်ခြမ်းမာ ပေါက်တာ။ အကျယ်ကြီးပဲ အိမ်တောင်တုန်တယ်” ဟု လေတပ်ဝန်ထမ်းလိုင်းခန်းအနီး ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

 

အဆိုပါပေါက်ကွဲမှုမှာ မြို့ပြပျောက်ကြားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Urban Special Forces အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ကလေးသူငယ်များ၏ စာသင်ကျောင်းများ၊ မြို့၊ ရွာများကို လေကြောင်းတိုက်ခိုက်မှုတွင် ဦးဆောင်နေသည့် လေတပ်အရာရှိများ တိမ်းရှောင်ရာနေရာဟု အတွင်းသတင်းပေးချက်အရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

 

ပြီးခဲ့သည့် လပိုင်းကလည်း မင်္ဂလာဒုံလေတပ်ဝန်း၊ မဂ်လာဒုံ စစ်ဆေးရုံဂိတ်ဝတို့လည်း ဗုံးခွဲတိုက်ခိုက်ခြင်း ခံခဲ့ရသေးသည်။

 

ဓာတ်ပုံ- အင်တာနက်

Related News

Depend on news