အင်းစိန်ထောင် ပေါက်ကွဲမှုဖြစ်ပြီးနောက် တစ်နိုင်ငံလုံးရှိ ထောင်ဝင်စာပို့ခွင့်ကို စစ်ကောင်စီပိတ်ပင်

Author ခူးဆယ်
Categories
Published on Oct 19, 2022

ယနေ့အောက်တိုဘာ ၁၉ ရက်နေ့မနက်ပိုင်းရန်ကုန် မြို့ အင်းစိန်ထောင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီကအကျဥ်းထောင်အသီးသီး၌ ထောင်ဝင်စာပို့မှုများအား ပိတ်ပင်လိုက်ကြောင်း နိုင်ငံရေးအကျဥ်းသားများအတွက်ထောင်ဝင်စာပို့ဆောင်ပေးနေသူများထံမှသိရသည်။

အင်းစိန်ထောင် ၏ ထောင်ဝင်စာလက်ခံသည့်နေရာတွင် ယနေ့မနက်အစောပိုင်းမှာဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုအတွင်းအကျဥ်းဦးစီးဝန်ထမ်းများနှင့် အရပ် သားများသေဆုံးမှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က နိုင်ငံအတွင်းရှိထောင်အသီးသီးမှာထောင်ဝင် စာပို့မှုများကို ပိတ်ပင်ကန့်သတ်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအကျဥ်းထောင်ဝင် စာပို့မှုများကို ယခင်ကတည်းမှ ကိုဗစ်အကြောင်းပြပြီးကန့်သတ်မှုများလုပ်ဆောင်လျက်ရှိနေသည်။

“ဒီနေ့နေ့လည်ကနေစပြီး ထောင်ဝင်စာပို့တာပိတ်တယ် အမအသိတခြားဒေသကထောင်ဝင်စာပို့တဲ့အမတွေကိုလဲ အဲ့အကျဥ်းဦးစီးလူတွေကပြောလိုက်တာ စာသီးသန့်ထွက်လာတာတော့မတွေ့ရသေးဘူး အကျဉ်းဦးစီးကလူတွေပြောတာပဲရှိသေးတာ”ဟု နိုင်ငံရေးအကျဥ်းသားများကိုထောင်ဝင်စာပို့ဆောင်နေသူတစ်ဦးက CJ Platformသို့ပြောပြသည်။

ထိုသို့ထောင်ဝင်စာပို့ခွင့်ကို ပိတ်ပင်လိုက်တာကြောင့် အကျဥ်းထောင်အသီးသီး၌ အကျဥ်းကျခံနေရသည့် အကျဥ်းသားများ၏ စားသောက်နေထိုင်ရေးကိစ္စများမှာ ပိုမိုခက်ခဲလာမည်ကို မိသားစုဝင်များက စိုးရိမ်လျက်ရှိသည်။