အင်းစိန်တွင် YBS ယာဉ် ဘရိတ်ပေါက်ပြီး ကားငါးစီးဆင့်တိုက်၊ ၁၅ ဦးဒဏ်ရာရ

Author ကိုထက်
Categories
Published on Apr 10, 2024

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းတွင် ယနေ့ နေ့လယ် ၃ နာရီခန့်က YBS ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ကားငါးစီးဆင့်တိုက်မှုဖြစ်ပွားကြောင်း သူနာပြုကြက်ခြေနီအဖွဲ့(အင်းစိန်)ထံမှ သိရသည်။

 

YBS ၇၇ မှ ဘရိတ်ပေါက်ပြီး YBS ၁၄၅ ကိုဝင်တိုက်ကာ အနီးရှိ အိမ်စီးကားသုံးစီးကို ထပ်မံတိုက်မိခဲ့ရာ ၁၅ ဦးဒဏ်ရာရရှိကြောင်း ဆိုသည်။

“YBS ၇၇ ကနေ YBS ၁၄၅ ကိုတိုက်တယ်။ ဘေးနားကအိမ်စီးကားသုံးစီးကိုလည်း ဆက်တိုက်တိုက်မိသလိုဖြစ်သွားတာပါ။ ဒဏ်ရာရတာကတော့ ၁၅ ယောက်ပါ။ YBS ပေါ်ကချည်းပဲ။ သိပ်မစိုးရိမ်ရပါဘူး” ဟု သူနာပြုကြက်ခြေနီအဖွဲ့(အင်းစိန်)မှ တာဝန်ရှိသူက ပြောသည်။

 

ပြီးခဲ့သည့် ဧပြီလ ၁ ရက်ကလည်း YBS ၈၂ က ဘရိတ်ပေါက်ပြီး လမ်းဘေးရှိဓာတ်တိုင်ကို ဝင်တိုက်မိ၍ ရှစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။

 

ထို့ပြင် သန်လျင်မြို့နယ် ဒါဂါရ်မှတ်တိုင်တွင်လည်း YBS ၇၀ က ၂ နှစ်အရွယ်ကလေးကို ကြိတ်မိမှုကြောင့် ကလေးငယ် သေဆုံးခဲ့သည်။