အင်မထီးပျူရွာ အင်အားနည်းချိန်၌ ဒေသခံ PDF များပူးပေါင်းကာ လက်နက်ကြီး အချက် ၅၀ ခန့်ဖြင့် တိုက်ခိုက်

Author လင်းခိုင်
Categories
Published on Jan 06, 2023

 

အင်မထီးပျူရွာ အင်အားနည်းနေချိန်၌ ဒေသခံ PDF များပူးပေါင်းကာ လက်နက်ကြီးဖြင့် အချက် ၅၀ ကျော် တိုက်ခိုက်ခဲ့မှုကြောင့် စစ်တပ်နှင့် ပျူစောထီး အသေအပျောက်များနိုင်ကြောင်း Guerilla Ranger မှ တပ်ရင်း တာ၀န်ခံ ကိုနေမင်းက CJ Platform သို့ပြောကြားသည်။

“ အင်မထီးနဲ့ လေးမိုင်အကွာမှာရှိတဲ့ ရဲနဲ့ စစ်တပ် အထိုင် စခန်း ကန့်ဒေါင့်ရွာကို ခွေးတွေက စစ်ကူပို့ထားရတဲ့အတွက် အင်မထီးပျူရွာမှာ အင်အားနည်းနေတဲ့အချိန် အချက်ရည်များများနဲ့ အဖွဲ့စုံက ပြစ်ခတ်တိုက်ခိုက်ခဲ့တာ” ဟု ကိုနေမင်းက ပြောကြားသည်။

ဇန်နဝါရီ ၅ ရက် ည ၉နာရီခန့်တွင် ပုလဲမြိုနယ် အင်မထီးပျူရွာကို PDF ပူးပေါင်း တပ်ရင်း၊ တပ်ဖွဲ့များက 60 mm, 90 mm, 120 mm များဖြင့် အလုံးရေ ၅၀ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပစ်တဲ့ လက်နက်ကြီး ကျည်တွေက ရွာထဲကို တိုက်ရိုက်ရောက်တဲ့အတွက် အရေအတွက် အတိအကျ မသိပေမယ့်။ ေ-ွးအသေအပျောက်ကတော့ ရှိတယ်”ဟု ကိုနေမင်းက ပြောကြားသည်။

ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် အင်မထီးပျူရွာရှိ စစ်ကောင်စီများဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။

ယခုစစ်ဆင်ရေးအား ယင်းမာပင်ခရိုင် အမှတ်(၁၂) တပ်ရင်းတပ်ခွဲ ၂ PRR၊ မြိုင် PDF၊ MVRF ၊ M7 ၊ ရွှေဓားဗိုလ်တပ်ဖွဲ့နှင့် အခြားတပ်ရင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၃၁ ရက် ညတွင်လည်း အင်မထီးပျူရွာကို လက်နက်ကြီးဖြင့် ၆ ချက်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို အမိန့်ပြန်တန်းခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ဓာတ်ပုံ- Guerilla Ranger
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပုလဲမြို့နယ် #အင်းမထီး #ပျူ