ဟုမ္မလင်းတွင် ရှမ်းနီအမျိုးသားတပ်မတော် စခန်းနှင့် ဂိတ်စခန်းများအား PDFများ သိမ်းပိုက်

Author ခေတ်နီ
Categories
Published on Jan 28, 2023

 

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စခန်းကုန်းနှင့် ဂိတ်စခန်းများကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ( HPDF)များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ခန္တီးခရိုင် အမှတ်(1)တပ်ရင်းနှင့် HPDF 124၏ တာဝန်ရှိသူများထံမှ သိရသည်။

ဟုမ္မလင်းမြို့နယ် တော်စီကျေးရွာရှိ (SNA) စခန်းကုန်းနှင့် ဂိတ်စခန်းများကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ( HPDF) များမှ ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ တိုက်ခိုက်သိ မ်းပိုက်ခဲ့တာပဲ ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စနိုက်ပါ တပ်သားတစ်ဦး သေဆုံးခဲ့ကာ ဟုမ္မလင်းစစ်ဆေးရုံသို့ ပို့ဆောင်စဥ် ဒဏ်ရာရရှိခဲ့သည့် စစ်သားတစ်ဦးလည်း ထပ်မံ သေဆုံးခဲ့သေးကြောင်းလည်း ခန္တီးခရိုင် အမှတ်(၁)တပ်ရင်း – ဟုမ္မလင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်ပွဲက မနေ့က မနက် ၆ နာရီကဖြစ်တာ သိမ်းတာကတော့ ပွိုင်းကုန်းတွေရယ် တော်စီစခန်းရယ် သိမ်းတာပါဗျ၊ သိမ်းပီးတော့ စစ်ရေးအရ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်၊ သူတို့ဘက်ကတော့ စနိုက်ပါ တစ်ယောက်ကျတယ် စစ်ဆေးရုံကိုတော့ ဒဏ်ရာရရှိတဲ့သူတွေ ပို့တော့ ဗိုက်ပွင့်တဲ့ တစ်ယောက် ထပ်ကျတယ်လို့တော့ သတင်းရပါတယ်”ဟု ပြောသည်။

ထိုသို့သိမ်းပိုက်မှုအတွင်း SNAတပ်၏ လက်နက် ၁၀ လက် ဝန်းကျင်နှင့် ၆၀ မမ လက်နက်ကြီးကျည်နှင့် အီနာဂါ ဗုံးများ အပါအဝင် စစ်လက်နက်ခဲယမ်းများကို ကာကွယ်ရေးတပ်များမှ သိမ်းဆည်းရမိခဲ့သော်လည်း အတိအကျကိုတော့ ထုတ်ဖော်ပြောပြခြင်း မရှိပါဘူး။

ထို့အပြင် အဆိုပါ စခန်းကုန်းတွင် SNA ၏ တပ်စုတစ်စုကျော်မျှ အင်အားရှိပြီး အဆိုပါ စခန်းများအား သိမ်းပိုက်နိုင်ရန် ကြိုတင်ပြင်မှုများ လုပ်ဆောင်ပြီးမှသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း HPDF -124၏ ပြန်ကြားရေးတာဝန်ခံ ကိုချာလီမှ ရှင်းပြသည်။

“ဒီစခန်းတွေကို တိုက်နိုင်ဖို့ ကြိုပြင်ခဲ့ရတာ၊ သေချာ ပြင်ပြင်ဆင်ဆင်နဲ့ လုပ်ဆောင်ခဲ့ရတာ၊ ကျနော်တို့ ဖက်ကတော့ အထိအခိုက်မရှိဘူး သူတို့စခန်းတွေကို မီးရှို့မယ်အချိန် လက်နက်ကြီးတွေနဲ့ ပြန်ထုလို့ ဆုတ်လာခဲ့ရတယ်၊ အထိအခိုက်တော့ မရှိဘူး”ဟု ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ခန္တီးခရိုင် အမှတ်(၁) တပ်ရင်းနှင့် ဟုမ္မလင်း HPDF 124၊ HPDF၊ HPDF မိုးကြိုးစစ်ကြောင်း ပူးပေါင်းအဖွဲ့များမှ တိုက်ခိုက် သိမ်းပိုက်ခဲ့တာပဲ ဖြစ်သည်။

ထို့အပြင် အဆိုပါ ဟုမ္မလင်းဒေသအတွင်းမှာ စစ်ကောင်စီတပ်များက အရပ်သားများကို ပေါ်တာဆွဲယူ ခေါ်ဆောင်သွားမှုများလည်း လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဟုမ္မလင်း #ရှမ်းနီတပ်