ဟားငါးကောင် အဖွဲ့၀င် လူရွှင်တော် တိုင်းကျော် KNU နယ်မြေ၌ လက်ထက်ပွဲပြုလုပ်

Author မွန်လေး
Categories
Published on Oct 17, 2022

စစ်အာဏာရှင်ကို တော်လှန်နေသည့် ဟားငါးကောင် အဖွဲ့၀င် လူရွှင်တော် တိုင်းကျော်သည် ယနေ့၌ KNU ကော်သူလေးနယ်မြေ၌ လက်ထက်မင်္ဂလာပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

KNU ကော်သူလေးနယ်မြေတွင် လက်ထပ်ပွဲအား အကျဉ်းရုံးစီစဉ် ကျင်းပခဲ့ကြောင်း ရဲမင်း(ACC) ကလည်း ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

လူရွှင်တော် တိုင်းကျော်နှင့် မသဲတု မင်္ဂလာပွဲအား ဟားငါးကောင်အဖွဲ့၊ ကိုရဲမင်း(ACC) အပါအ၀င် KNU နယ်မြေ၌ ရောက်ရှိခဲ့သူ အချို့က ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဟားငါးကောင်အဖွဲ့၀င်များ ဖြစ်သည့် တိုင်းကျော်၊ ပိုးလေး၊ တိုးကျော်၊ ဝိုင်းကျော်၊ ပြည်ကျော်တို့သည် စစ်အာဏာရှင်ကို အနုပညာဖြင့် ဆက်လက်တော်လှန်မှုများပြုလုပ်နေသည့် ပြည်သူချစ် လူရွှင်တော်အဖွဲ့တစ်ခုလည်း ဖြစ်သည်။

ထို့ပြင် ဟားငါးကောင်အဖွဲ့သည် စစ်အာဏရှင်အား အမြစ်ပြတ်သည်အထိတော်လှန်မည်ဟုလည်း ပြည်သူအားလုံးကို ကတိပြုထားသည်။