ဟင်္သာတမြို့ မြို့လယ်အဝိုင်းတွင် ဗုံးပေါက်ကွဲမှုမှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်ထိန်းရဲ ရန်ကုန်ဆေရုံကြီး၌ သေဆုံး

Author လင်းခိုင်
Categories
Published on Oct 21, 2022

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့၊ မြို့လယ်အဝိုင်းတွင် ဗုံးပေါက်ကွဲမှုမှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်ထိန်းရဲ ရန်ကုန်ဆေးရုံကြီး၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၃ရက် ညနေ ၄နာရီကျော်ခန့်တွင် ဟင်္သာတမြို့၊ မြို့လယ်အဝိုင်း၊ အထက(၅) ကျောင်းရှေ့၊ အစ္စလာမ် သင်္ချိုင်းဟောင်းအနီး ယာဉ်စစ်ဆေးသည့်နေရာ ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သည့် တပ်ကြပ် စိုးမင်းသန်းသည် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားရာမှ ယနေ့ နံနက် ၄နာရီ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဟင်္သာတမြို့လယ်အဝိုင်းပေါက်ကွဲမှုတွင် စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲ သုံးဦးထိခိုက်ခဲ့ပြီး နှစ်ဦးသည် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေဆုံးခဲ့ကာ၊ ယခုတစ်ဦးသည် ဆေးရုံ၌ တက်ရောက်ကုသနေစဉ် ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။

ဟင်္သာတမြို့လယ်အဝိုင်း ဗုံးပေါက်ကွဲမှု မဖြစ်ပွားခင် ယင်းနေရာ၌ ယာဉ်ထိန်းရဲများက ဆိုင်ကယ်များကို စစ်ဆေးသည်ဟု အကြောင်းပြချက်ဖြင့် မကြာခဏ ငွေတောင်းခံမှုများပြုလုပ်ခဲ့ပြီးနောက် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
#ဧရာဝတီတိုင်း #ဟင်္သတမြို့ #မြို့လယ်အဝိုင်း #ဗုံးပေါက်