သြဂုတ်လအတွင်း လူသားချင်းစာနာမှု ကျပ်သန်း ၂၆၀နီးပါးထောက်ပံ့ခဲ့ဟု NUGထုတ်ပြန်

Author လင်းခိုင်
Categories
Published on Sep 19, 2022

ယခုနှစ် သြဂုတ်လအတွင်း လူသားချင်းစာနာမှုအကူအညီအဖြစ် ကျပ် ၂၅၉ဒသမ၄၀သန်းထောက်ပံ့နိုင်ခဲ့ကြောင်း NUGက စက်တင်ဘာ ၁၈ရက်တွင်ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ မီးရှို့ဒဏ်ခံရသည့် ပြည်သူများ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဘေးလွတ်မည်ဟုထင်သော နေရာများသို့ထွက်ပြေးခိုလှုံနေရသည့်ပြည်သူများ တော်လှန်ရေးတွင် ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် လူသားချင်းစာနာမှာအကူအညီလိုအပ်သူများကို NUGကထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ မိတ်ဖက်အသီးသီးနှင့်လက်တွဲပြီး မြေပြင်အထိရောက်ရှိရန် ပံ့ပိုးနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်တပ်၏အတားအဆီးအမျိုးမျိုးကြားမှ ဘေးဒုက္ခခံနေရသည့် ပြည်သူများလက်ဝယ်အရောက် စီစဥ်ပေးကြသည့် ဒေသခံများမိတ်ဖက်အဖွဲ့များ ကိုယ်စားလှယ်များ စေတနာ့ဝန်ထမ်းပြည်သူများနှင့် အမေ့ယပ်တောင် အမေ့လက်ဆောင်ရန်ပုံငွေရှာဖွေမှုတွင်ပါဝင်လှူဒါန်းသည့်ပြည်သူများကို ကျေးဇူးတင်ကြောင်း NUGကထုတ်ပြန်ထားသည်။

Related News

Depend on news