သေးဆူးလဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDFတိုက်ခိုက် စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေ

Author ခေတ်နီ
Categories
Published on Oct 19, 2022

ကရင်နီပြည် ဒီမော့ဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ယနေ့မှာ သတင်းထုတ်ပြန်ထားသည်။

သေးဆူးလဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ မနက်ပိုင်း၌ ကရင်နီတပ်မတော် KA၊ KRU၊ အလယ်ပိုင်းတိုင်း၊ KNDFတပ်ရင်း၆ နှင့် KNDFတပ်ရင်း ၅ ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့တာပဲ ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း KNDF တပ်ရင်း၆မှ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးခဲ့ပြီးပူးပေါင်းအဖွဲ့မှတိုက်ခိုက်ခြင်းမှုအတွင်း စစ်ကောင်စီ တပ်သား အနည်းဆုံး (၅)ဦးသေဆုံးခဲ့ကြောင်း သိရသည် ။