သေးဆူလဲကျေးရွာသား မိသားစုတစ်စု ရွာအပြန်မိုင်းမိ

Author ခေတ်နီ
Categories
Published on Sep 22, 2022

ကရင်နီပြည် ဒီမော့ဆိုမြို့နယ်ထဲမှာ ကျေးရွာကိုပြန်လာသည့် သေးလဲဆူရွာသား မိသားစုတစ်စု စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDFတပ်ရင်း ၅ မှထုတ်ပြန်ထားသည်။

ယနေ့ စက်တင်ဘာလ ၂၂ရက်နေ့ မနက် ၉ နာရီခွဲ၀န်းကျင်အချိန်တွင် သေးဆူလဲရွာအနီးမှာစစ်ကောင်စီ ထောင်ထားသော မိုင်း ၁ လုံးအား ဆိုင်ကယ်မောင်းနှင်လာသော မိသားစုတစ်စုမှ နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲဖြစ်သည်။

အဆိုပါ မိုင်းပေါက်ကွဲထိမှန်မှုကြောင့်အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး ညာဘက်ပေါင်၊ ညာခြေသလုံးနှင့် ညာခြေမျက်စီ နေရာများတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၀ လသားအရွယ်ကလေးငယ်တစ်ဦး ဘယ်ဘက်မျက်ခွံနှင့် ပါးတို့တွင် ပွန်းပဲ့ဒဏ်ရာ ၂ ချက်ရရှိခဲ့ကာ အမျိုးသမီးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဘူးလို့သိရသည်

မိုင်းပေါက်ကွဲပြီးနောက် အဆိုပါမိသားစုဝင် ၃ဦးကိုKNDFတပ်ရင်း၅မှ မိုင်းနင်းမိသောနေရာမှ ကယ်ထုတ် ပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရသည်။

ကရင်နီပြည်သူများအနေဖြင့် စစ်ကောင်စီတပ်မှ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများရှိနေသေးတာကြောင့် တိုက်ပွဲဖြစ်ပွားရာ နယ်မြေများအတွင်းကို သွားရောက်ခြင်းမပြုရန်လည်း KNDFတပ်ရင်းများမှ မေတ္တာရပ်ခံထားသည်။