သေနတ်ကိုင်ထားပြီး တုတ်ပြီးဓားပြီးဟုနာမည်ကြီးနေသည့် ရဲဗလတံဆိပ်ရ ရာအိမ်မှူးတစ်ဦး ခုနှစ်ချက် ပစ်ခံရပြီး ဆီး၊ဝမ်းများထွက်ကျ

Author ကိုပေါက်
Categories
Published on Oct 26, 2022

မြောက်ဥက္ကလာပမြို့နယ် ဌ ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက နာမည်ကြီး ရဲဗလတံဆိပ်ရ တုတ်ပြီးဓားပြီး ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ခုနှစ်ချက်ပစ်ခံရကာ ဆီး၊ဝမ်းများထွက်ကျပြီး သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့ နံနက်ကိုးနာရီက ဆိုင်ကယ်ဖြင့်သွားစဥ် သဇင်လမ်းထောင့်အရောက်၌ အမည်မသိသူအချို့က ပစ်ခတ်ခံရတာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“သေနတ်နဲ့ ဆယ်ချက်လောက်ဝိုင်းပစ်တာ လည်းပင်းတွေဗိုက်တွေ ရင်ဘတ်တွေမှာ ဒဏ်ရာရတယ် လူနာတင်ယာဥ်နဲ့ စစ်တပ်ကလာသယ်တာ ပုဆိုးထဲမှာ အီးတွေထွက်ကျနေလို့ ရွံလို့မကိုင်ကြဘူး ဆေးရုံရောက်မှ သေတာဖြစ်မယ်”ဟုပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသူ ရာအိမ်မှုးဦးစိုးစိုးကို စစ်ကောင်စီတပ် မဂ်လာဒုံခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ပြီးနောက် စစ် ကောင်စီတပ်က ထုတ်ပေးထားသည့် သေနတ်ကို ပြန်သိမ်းသွားသည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“သူက ရပ်ကွက်လူမိုက် တုတ်ပြီးဓားပြီးတယ်လို့ပြောတယ်၊ ဒီနှစ်ထဲမှာပဲ ဖေဖော်ဝါရီလကုန်ပိုင်းက သူ့ကိုပစ်သေးတယ် အဲ့ဒီတုန်းကလည်း မသေဘူး အခုတော့ သေသွားပြီ”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်က ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားပြီး လမ်းသွားလမ်းလာနှ င့်ဆိုင်ကယ်တွေကို စစ်ဆေးနေသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်ကလည်း ရာအိမ်မှူးဦးစိုးစိုး အုပ်ချုပ်ရေးမှူးရုံးမှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ဖြစ်စဥ်လည်း ရှိသည်။

ယခုပစ်ခတ်ရှင်းလင်းမှုကို မည်သည့်အဖွဲ့က လုပ် ဆောင်ခဲ့ကြောင်းကို သီးခြား ထုတ်ပြန်လာခြင်း မရှိသေးပေ။

ရန်ကုန်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူများရှိသည်။
#တုတ်ပြီးဓားပြီး #ရာအိမ်မှူး #မြောက်ဥက္ကလာပ