ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို နိုင်ငံတကာ သိရှိနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

Author လင်းခိုင်
Categories
Published on Dec 17, 2022

 

ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို နိုင်ငံတကာ သိရှိနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက NUG သတင်းပြန်ကြားရေး PVTV တွင် ဖြေကြားထားသည်။

“မဲမခွဲဘဲ အတည်ပြုခဲ့ပါတယ်။ ဒီလိုအတည်ပြုလိုက်တဲ့အတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အနေနဲ့ မနှစ်ကလိုပဲ ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒီနှစ်ဆိုရင်တော့ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံမှာ ဆက်လက်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ အဖွဲ့၀င်နိုင်ငံတစ်နိုင်ငံရဲ့ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

ထို့ကြောင့် အမြဲတမ်းကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံအကျိုး၊ ပြည်သူများ၏ အကျိုး၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို နိုင်ငံတကာ သိရန်အတွက် ကုလသမဂ္ဂမျက်နှာစာမှ တဆင့် နိုင်ငံတကာသိရှိရန် ဆက်လက်ပြီး လုပ်ဆောင်သွားမည်ဟု သံအမတ်ကြီးကပြောကြားသည်။

“ မြန်မာနိုင်ငံ မြန်မာပြည်သူတွေအတွက် အမြဲတမ်းကိုယ်စားလှယ် တစ်ယောက်အနေနဲ့ လုပ်နိုင်မယ့် ဟာတွေကို ဆက်လက်ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်။ အခုလိုမျိုးကုလသမဂ္ဂအထွေထွေညီလာခံကနေ တူညီဆန္ဒနဲ့ အတည်ပြုပေးတာကို ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံအကျိုးအတွက် ဆက်လက်ပြီး တာ၀န်ထမ်းဆောင်သွားမှာဖြစ်ပါတယ်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

Credential Committee က တင်သွင်းသည့် မြန်မာနိုင်ငံကိုယ်စားပြု ဦးကျော်မိုးထွန်း အမည်တင်သွင်းမှုကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဒီဇင်ဘာ ၁၆ ရက်က ကန့်ကွက်နိုင်ငံမရှိဘဲ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမေရိကန်၊ ရုရှား၊ တရုတ် အပါအ၀င် အဖွဲ့၀င် ၉ နိုင်ငံရှိပြီး ရုရှားနိုင်ငံက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကန့်ကွက်မှုများရှိခဲ့သော်လည်း ယမန်နေ့ ဆုံးဖြတ်မှုတွင် အနိုင်ရရှိခဲ့ကာ ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာကိုယ်စားပြုအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဦးကျော်မိုးထွန်း #ကုလသမဂ္ဂ #သံအမတ်