သူလေးထီ အား ဆုကြေးငွေ တိုးမြှင့်ပေးနိုင်ရန် နှင့် တော်လှန်ရေးရန်ပုံငွေ တိုးမြှင့်နိုင်ရန် ပြည်သူအားလုံး ပါ၀င်ပေးရန် Thoolei Lottery နှိုးဆော်

Author လင်းခိုင်
Categories
Published on Dec 14, 2022

 

သူလေးထီ အား ဆုကြေးငွေ တိုးမြှင့်ပေးနိုင်ရန် နှင့် တော်လှန်ရေးရန်ပုံငွေ တိုးမြှင့်နိုင်ရန် ပြည်သူအားလုံး ပါ၀င်ရန် Thoolei Lottery နှိုးဆော်ချက်အား ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၁ ရက်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ Watana Hall တွင် Hypernation မှ စီးပွားရေးလုပ်ငန်းရှင်များနှင် ကုန်ပစ္စည်းများမိတ်ဆက်ခြင်း၊ Software Application လမ်းညွှန်ချက်များမျှဝေခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် သူလေးထီအဖွဲ့မှ တာ၀န်ရှိသူ စော၀ယ်ကိုး က သူလေးထီအကြောင်း မိတ်ဆက်ခဲ့သည်။

သူလေးထီမှ ရရှိလာသည့် အကျိုးအမြတ်များကို KNU အဖွဲ့အစည်းအရုံးလက်အောက်ခံ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနသို့ အပ်နှံကာ မည်ဖြစ်ကြောင်း၊ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်ရန် မိဘပြည်သူများသာမက ပြည်ပရောက် ကရင်လူထုမျးနေဖြင့်ပူးပေါင်းပါ၀င်ပေးရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒီဇင်ဘာလအတွက် သူလေးထီ ထီစောင်ရေ ၇၀၀၀ ၀န်းကျင် ရောင်းချထားပြီး ပထမဆု သိန်း ၁၀၀၊ ဒုတိယဆု ငါးဆုအတွက် သိန်း ၃၀ စီနှင့်၊ တော်လှန်ရေးအတွက် သိန်း ၁၃၀ ပေးအပ်ရန် လျာထားကြောင်းသိရသည်။

အဆိုပါ သူလေးထီအား ပထမဆု သိန်း ၁၅၀၊ ဒုတိယဆုငါးဆုအတွက် သိန်း ၁၀၀စီနှင့်၊ တော်လှန်ရေးအတွက် သိန်း ၂၅၀ အထိ တိုးမြှင့်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပ တိုင်းရင်းသားပြည်သူများအားလုံး ပူးပေါင်းပါ၀င်ရန် Thoolei Lottery က နှိုးဆော်ထားသည်။

သူလေးထီရောင်းချမှုသည် ကိုးကြိမ်မြောက်အထိရှိပြီဖြစ်ကာ တစ်လလုံးရောင်းချရသည့်ပမာဏ၏ ၅၀ ရာခိုင်နှုန်းသည် ဆုကြေးအဖြစ်သတ်မှတ်ကာ၊ ကျန် ၅၀ ရာခိုင်နှုန်းကို KNU အဖွဲ့အစည်းသို့ ပြန်လည်ပေးအပ်ကြောင်း သိရသည်။

ထီတစ်စောင်လျှင် ထိုင်းဘတ် ၆၀၊ မြန်မာကျပ် ၄၀၀၀၊ စင်္ကာပူ ၃ဒေါ်လာ၊ ဆွီဒင် ၃၀ Kr၊ သြစတြေးလျ ၃ ဒေါ်လာ၊ တောင်ကိုရီးယား ၀မ် ၃၀၀၀၊ ဂျပန် ယန်း ၃၀၀ ၊ မလေးရှား ၁၀ ရင်းဂိတ်၊ အမေရိကန် ၂ ဒေါ်လာ သတ်မှတ်ထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #သူလေးထီ #KNU