သူငယ်ချင်းများနှင့် စက်လှေစီးစဉ် လှေမှောက်၍ ရေနစ်ပျောက်ဆုံးခဲ့သည့် မိန်းကလေးငယ်၏ အလောင်းအား ပြန်လည်တွေ့ရှိ

Author မေ
Categories
Published on Dec 28, 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လေးမြို့ချောင်း၌ သူငယ်ချင်းများနှင့် စက်လှေစီးစဉ် လှေမှောက်၍ ရေနစ်ပျောက်ဆုံးခဲ့သည့် မိန်းကလေးငယ်အလောင်းအား သုံးရက်အကြာ၌ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၅ရက်က မနက်ပိုင်းက မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်း၌ မြောက်ဦးမြို့တွင် နေထိုင်သူ အသက်၁၈နှစ်အရွယ် မိန်းကလေးငယ်မှာ သူငယ်ချင်း ၉ဦးနှင့်အတူ စက်လှေစီးရာမှ လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်လှေမှောက်စဉ် သူမမှာ ရေနစ်ပျောက်ဆုံးခဲ့ပြီးနောက် ဝိုင်းဝန်းရှာဖွေကြရာမှ ဒီဇင်ဘာ ၂၇ရက် ညနေပိုင်းက မြောက်ဦးမြို့နယ်၊ မြရိတ်ကျွန်းကျေးရွာ အနီးရှိ လေးမြို့ချောင်းအတွင်း သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။

” သူငယ်ချင်းတွေနဲ့ စက်လှေစီးရင်း လှေမှောက်တော့ သူတစ်ယောက်ထဲ ရေနစ်သွားတာ။ ကျန်သူတွေက အသက်ဘေးလွတ်တယ်။ ရေနစ်ထဲက ရှာဖွေတာ မနေ့က ညနေကမှ အလောင်းတွေ့တာပါ”ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း (စစ်တွေ)အဖွဲ့မှ အသင်းသားတစ်ဦးက ပြောသည်။

သေဆုံးသူအလောင်းအား မြောက်ဦးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်းလည်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရခိုင် #မြောက်ဦးမြို့နယ် #လှေမှောက်