သုံးလအတွင်း ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်အတွင်း စစ်ကောင်စီ တပ်သား ၃၇ ဦးသေဆုံးပြီး CNDF မှ ၅ ဦး ဒဏ်ရာရ

Author မွန်လေး
Categories
Published on Dec 01, 2022

 

သုံးလအတွင်း ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်သား ၃၇ ဦးသေဆုံးပြီး ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ဘက်မှ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း နို၀င်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ နို၀င်ဘာ ၂၆ ရက်အထိ ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် CNDF နှင့် ပူးပေါင်းတပ်ဖွဲ့များ အကြားတိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၇ ဦးသေဆုံးခဲ့ကာ ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၅ ဦးဒဏ်ရာရရှိခဲ့သည်။

အထိနာသည့် စစ်ကောင်စီတပ်များသည် နို၀င်ဘာ ၁၅ရက်မှ ၂၃ ရက်နေ့အထိ လေကြောင်းအသုံးပြုပြီး သာလွန်အင်အားများဖြင့် တိုက်ခိုက်ခဲ့သော်လည်း CNDF နှင့် ပူးပေါင်းတပ်ဖွဲ့များ အကျအဆုံးမရှိခဲ့ပေ။

ထို့ပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် အမျိုးအမည်မသိ မီးကျဉ်ပုံစံ လက်နက်ကြီးကြောင့် သီးဘွာလ်ကျေးရွာရှိ နေအိမ်သုံးလုံး မီးလောင်ခဲ့ကာ၊ ဘွာလ်သဲကျေးရွာမှ စိတ်မနှံ့သူအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်များကသတ်ဖြတ်ခဲ့ပြီး စိတ်မနှံ့သည့်အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဖလမ်း #ကလေး #CNDF