သီတဂူ နာယက ၁၀ ပါး စာရင်း၀င် အရှင် ဂန္ဓသာရ အပါအ၀င် လေးဦးအား စစ်ကောင်စီ သတ်ဖြတ်

Author လင်းခိုင်
Categories
Published on Jan 06, 2023

 

သီတဂူ နာယက ၁၀ ပါးစားရင်း၀င် အရှင် ဂန္ဓသာရ အပါအ၀င် လေးဦးအား စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း တိုက်နယ်စွန် PDF သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံက CJ Platform သို့ပြောကြားသည်။

ယနေ့ ဇန်နဝါရီ ၆ ရက် နံနက် ၆နာရီ မိနစ် ၃၀ တွင် စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးများသည် လက်နက်ကြီးများ ပစ်ခတ်ပြီး ဒီပဲယင်းကွဲကျေးရွာ အတွင်းသို့ ၀င်ရောက်မီးရှို့ဖျက်စီးခဲ့သည်။

ထိုကဲ့သို့ မီးရှို့ဖျက်စီးချိန်တွင် သီတဂူဗုဒ္ဓတက္ကသိုလ်မှ BA.BuDDHA ဘွဲ့ရ၊ သီတဂူ နာယက ၁၀ ပါးစာရင်း၀င် အရှင် ဂန္ဓသာရ(မန္တလေးမြို့ မဟာမင်းဒင်စာသင်တိုက် စာချဆရာတော်) နှင့် PDF အဖွဲ့၀င် အမျိုးသားတစ်ဦးအပါအ၀င် အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး တို့ကို စစ်တပ်နှင့် ပျူစောထီးများက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

“သူတို့ကို ရွာကိုမီးရှို့ပြီးတော့ သံဃာတစ်ပါးအပါအ၀င် လေးဦးကို သတ်သွားတယ်။ အဲ့ဒါကြောင့် မီးရှို့ဖျက်ဆီးနေတဲ့ စစ်ခွေးနဲ့ ပျူတွေကို ကျွန်တော်တို့ တိုက်နယ်စွန် PDF အဖွဲ့မှ တပ်စိတ် ၃ စိတ်နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီးတော့ ၆၀ မမ အလုံး ၂၀ နဲ့ ၈၀ မမ ၁၅လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ခွေးနဲ့ပျူတွေ ကြွယ်ပုံရွာကို ပြန်ဆုတ်သွားတယ်”ဟု သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံက ပြောကြားသည်။

ဇန်နဝါရီ ၄ ရက် ည ၉ နာရီတွင်လည်း ကြွယ်ပုံပျူရွာမှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ဘေးနား ပတ်၀န်းကျင်ရွာများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်နယ်စွန် PDF အဖွဲ့မှ တပ်စိတ် တစ်စိတ်ဖြင့် အခြေအနေစောင့်ကြည့်ကာ ၊ ဇန်နဝါရီ ၅ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၂၀ တွင် မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်းကာ ကြွယ်ပုံ ပျူရွာကို တိုက်ခိုက်ခဲ့ကြောင်းလည်းသိရသည်။

“တိုက်ပွဲက အခုထိဖြစ်နေတဲ့အတွက် ေ-ွးအသေအပျောက်စာရင်းကိုတော့ အတိအကျမသိရသေးဘူး” ဟု သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံကပြောကြားသည်။

ဗီဒီရို-တိုက်နယ်စွန်-PDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းမြို့ #ကြွယ်ပုံရွာ #သီတဂူ