သိမ်းပိုက်ရရှိခဲ့သည့် မြို့ (၇) မြို့၌ လူထုအခြေပြုသည့် အုပ်ချုပ်ရေးယန္တရားလည်ပတ်ရန် ကြိုးစားမည်ဟု TNLA ထုတ်ပြန် (သတင်းတို)

Published on Feb 22, 2024

၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိခဲ့သည့် မြို့ (၇) မြို့၌ လူထုဆန္ဒကို အခြေခံသည့် လူထုအုပ်ချုပ်မှု အစိုးရတစ်ရပ်ပေါ်ပေါက်လာစေရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF /TNLA မှ ယနေ့ ဖေဖေါ်ဝါရီ ၂၂ရက်နေ့တွင် ထုတ်ပြန်လာသည်။

 

ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် အမြန်ဆုံး ဖြစ်မြောက်ပေါ်ထွန်းလာစေရန်  နှင့် အာဏာရှင်စနစ်ဆိုး အပြီးတိုင် အမြန်ချုပ်ငြိမ်းရန် ကြိုးစားသွားမည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှဆိုသည်။

 

တအောင်းဒေသတွင် လူထုစီမံအုပ်ချုပ်ရေးလုပ်ငန်းများတွင် မိမိတို့အဖွဲ့အစည်းကို ကျော်လွန်၍ ဝင်ရောက်စွက်ဖက် နှောက်ယှက်ခြင်းမပြုနိုင်ရန် လုပ်ဆောင်မည့်အပြင် တအာင်းဒေသရှိ လူမျိုးစုံပြည်သူများနှင့် ပူးပေါင်းကာ ပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက် အမြန်ဆုံးရောက်ရှိအောင် ဦးဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

ဓာတ်ပုံ – PSLF/TNLA

 

ပုံစာညွှန်း – မန်တုံမြို့နယ်ရှိ စစ်ကောင်စီစခန်းကုန်းအား PSLF/TNLA မှ သိမ်းပိုက်နိုင်ခဲ့ပုံ (ပုံအဟောင်း)