သိမ်ဇရပ်ရဲစခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦး ဒဏ်ရာရရှိခဲ့

Author မွန်လေး
Categories
Published on Nov 30, 2022

 

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်၊ သိမ်ဇရပ်ရဲစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က ယနေ့တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်သည် နို၀င်ဘာ ၂၆ ရက် ညနေ ၆နာရီ မိနစ် ၃၀ တွင် သိမ်ဇရပ်ရဲစခန်းမှ ၄၀မမ ဖြင့် ပစ်ခတ်မှုကြောင့်၊ သိမ်ဇရပ်မြို့၊ အမှတ် ၃ရပ်ကွက်ကြီး၊ တောင်တခြမ်းရပ်ကွက်၌ ကျရောက်ပေါက်ကွဲကာ အသက် ၈ နှစ်အရွယ် ကလေးငယ်နှစ်ဦး လက်နက်ကြီးစထိမှန်ခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီးထိမှန်ခဲ့သည့် ကလေးငယ်နှစ်ဦးအနက် တစ်ဦးသည် စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သဖြင့် ပဲခူးမြို့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ ရဲစခန်းက လက်နက်ကြီးပစ်တာ ရပ်ကွက်ထဲကအိမ်ပေါ်ကျပြီး ထမင်းစားနေကြတဲ့ ကလေးနှစ်ယောက် ဒဏ်ရာရတယ်။ တစ်ယောက်ကစိုးရိမ်ရတယ်။ မပေါက်ကွဲတဲ့ ၄၀ မမ ကျည်ဆံတစ်လုံးလဲ လူနေအိမ်နားကျတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောကြားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိမ်ဇရပ်ရဲစခန်းသည် မကြာခဏ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်သည့်အပြင် ပြည်သူများကိုလည်း မတရားဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း KNU ကဆိုသည်။

ဓာတ်ပုံ- KNU
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မွန်ပြည်နယ် #သိမ်ဇရပ် #KNU