သာယာဝတီမြို့နယ်တွင် စစ်ကောင်စီသတင်းပေးကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ် ခံရ

Author အောင်နိူင်သူ
Categories
Published on Aug 31, 2022

သာယာဝတီမြို့နယ်တွင် စစ်ကောင်စီသတင်းပေး ရေတွင်းကုန်းကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ဦး ယမန်နေ့ညနေပိုင်းက သေနတ်ဖြင့်ပစ်ခတ် ခံခဲ့ရသည်ဟု မြို့ခံတွေဆီက သိရသည်။

သာယာဝတီမြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စု အနောက်ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးကျော်အေးကိုယမန်နေ့ ညနေပိုင်းက အမည်မသိသေနတ်သမားတွေကလာရောက်ပစ်ခတ်သွားတာဖြစ်သည်ဟု မြို့ခံတစ်ဦးကပြောသည်။

“သူက စစ်တပ်ကို သတင်းပေးရုံမဟုတ်ဘူး ဖမ်းခိုင်းတာအာ့ကြောင့် ပစ်သတ်ခံရတာ သူ့ကြောင့် အဖမ်းခံရတဲ့သူတွေမနည်းဘူး”ဟု ပြောသည်။

သေနတ်ပစ်ခတ်မှု့ကြောင့် ဦးကျော်အေးတွင်ကျည် ထိမှန် ဒဏ်ရာသုံးချက်ရရှိကာ သာယာဝတီမြို့နယ် ဆေးရုံမှာ ပို့ဆောင်ကုသထားရသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက်  အနောက်ရေတွင်းကုန်ကျေး ရွာတွင် စစ်ကောင်စီတပ်တွေက ကျေးရွာနေသူတွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့သည်ဟု ကျေးရွာနေသူတွေဆီက သိရသည်။

ပြီးခဲ့တဲ့လတွေက သာယာဝတီမြို့နယ်ရှိ ကျေးရွာအချို့တွင်  ပစ်ခတ်မှုတွေဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် သတင်းပေးဒလန်အချို့ သေဆုံးခဲ့သည့်ဖြစ်စဥ်လည်း ရှိသည်။