သလဲဘာ ပျူရွာအား ဒေသခံ PDF များ ၀င်ရောက်စီးနင်း စစ်ကောင်စီနှင့် ပျူစောထီးများ ထွက်ပြေးခဲ့ရ

Author လင်းခိုင်
Categories
Published on Jan 28, 2023

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ၊ သလဲဘာ ပျူရွာအား ဒေသခံ PDF များ၀င်ရောက်စီးနင်းခဲ့မှုကြောင့် စစ်ကောင်စီနှင့် ပျူစောထီးများ ထွက်ပြေးခဲ့ရကြောင်း တိုက်နယ်စွန် PDF ၏ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံက CJ Platform သို့ပြောကြားသည်။

ဇန်နဝါရီ ၂၇ ရက် တွင် သလဲဘာ ပျူရွာကို ဒေသခံ PDF ပူးပေါင်းတိုက်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ ပျူရွာကို စီးနင်းနိုင်ခဲ့ပါတယ်။ ကျွန်မတို့ အဖွဲ့ကတော့ လက်နက်တွေ သိမ်းဆည်းရမိလိုက်တာမျိုးမရှိပါဘူး။ ပျူတွေကော စစ်ကောင်စီတပ်တွေကော ရွာထဲကနေထွက်ပြေးကုန်တယ်” ဟု သတင်းနှင့် ပြန်ကြာရေး တာ၀န်ခံက ပြောကြားသည်။

အဆိုပါ ပျူရွာကို ညနေ ၃ နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး၊ ၄ နာရီ ၁၃ မိနစ်တွင် စစ်တပ်နှင့် ပျူစောထီး အင်အား ၇၀ ခန့်အထိုင်ချထားသည့် ဘုန်ကြီးကျောင်းကို ၈၀ မမ၊ ၆၀ မမများဖြင့် ပစ်ခတ်ကာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားပြီး ပျူရွာဘုန်းကြီးကျောင်းကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ၄ နာရီ မိနစ် ၅၀ ခန့်တွင် စစ်တပ်နှင့်ပျူစောထီးအဖွဲကများ ယင်းတို့အထိုင်ချထားသည့် ဘုန်းကြီးကျောင်းမှ ဆုတ်ခွာကာ ရွာအတွင်းသို့ ၀င်ရောက်ခဲ့ပြီး၊ ၅နာရီ ၂၅ မိနစ်တွင် PDF ပူးပေါင်းတပ်များသည် ရွာခြေအနားထိ ကပ်ရောက်နိုင်ခဲ့ကာ၊ ၆နာရီ ၁၅ မိနစ်တွင် ပျူရွာကို ၀င်ရောက်နိုင်ခဲ့သည်ဟု သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံက ဆိုသည်။

ဇန်နဝါရီ ၁၁ ရက် ည ၁၁နာရီခန့်တွင် သလဲဘာပျူရွာကို PDF ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်နိုင်ခဲ့ပြီးနောက် အောင်မြင်စွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တိုက်ပွဲအတွင်း တိုက်နယ်စွန် PDF ရဲဘော်တစ်ဦး လက်မောင်း ကျည်ရှပ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီမှ အရာရှိတစ်ဦးအပါအ၀င် ၈ ဦးနှင့်၊ ပျူစောထီး ၃၅ ဦးသေဆုံးခဲ့ကြောင်းလည်း Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း-၇ ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ-တိုက်နယ်စွန် PDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #အရာတော် #သဘဲဘာကျေးရွာ