သပိတ်ကျင်းမြို့နှင့် ကန့်ဘလူမြို့နယ် အစပ်တွင် ငါးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံး

Author လင်းခိုင်
Categories
Published on Dec 28, 2022

သပိတ်ကျင်းမြို့နှင့် ကန့်ဘလူမြို့နယ် အစပ်တွင် ငါးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀နီးပါးသေဆုံးခဲ့ကြောင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောကြားသည်။

“ ငါးရက်တာ တိုက်ပွဲအတွင်းမှာ ခွေး သုံးဆယ်ကျော်သေတာပါ၊ ဒေသခံ ပြည်သူတွေကနေပြီးတော့ ကြာညှပ်မှာရှိတဲ့ သင်္ဂြိုလ်စက်မှာ ခွေးတွေကို သင်္ဂြိုလ်ခဲ့တာကို သတင်းပေးပို့တယ်။ ဒီနေ့ မနက် ငါးနာရီလောက်မှာလဲ ကြားအင်း စစ်ဆေးရုံကို ကားနဲ့တင်ပြီး မောင်းသွားတာတွေတွေ့တယ်” တာ၀န်ရှိသူတစ်ဦးက ပြောသည်။

သပိတ်ကျင်းမြို့နယ် နှင့် ကန့်ဘလူမြို့နယ်အစပ်ရှိ ခရမ်းစပ်ကုန်း၊ ဇင်းချောင်း စသည့် ကျေးရွာများသို့ စစ်ကောင်စီတပ် အင်အား ၁၆၀ ခန့်နှင့် ပျူစောထီးအဖွဲ့များသည် စစ်ကြောင်းထိုးခြင်းနှင့် နေအိမ်မီးရှို့ခြင်းများကို ဒီဇင်ဘာ ၂၃ ရက်မှ စတင်ကာ ဒီဇင်ဘာ ၂၈ ရက်အထိ ပြုလုပ်နေခြင်းကြောင့် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီနှင့်ပျူစောထီးများကို ဒေသခံ PDF များက ၆၀မမ အလုံး ၃၀ ကျော်နှင့် လက်နက်ငယ်များဖြင့် ခုခံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ တိုက်ခိုက်ခဲ့မှုကြောင့် ခရမ်းစပ်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သား ၃၀ ထက်မနည်းသေဆုံးခဲ့ကြောင်း၊ မြေပြင် ဒေသခံများ၏ သတင်ပေးပို့ချက်အရ ထိခိုက်သေဆုံးသူများကို မြစ်အနောက်ဘက်ကမ်းရှိ စစ်ကောင်စီတပ်များက မော်တော်ဖြင့် ကြာညှပ်ဘက်သို့သယ်ဆောင်ခဲ့ကာ၊ ကြာညှပ်ရွာရှိ မီးသင်္ဂြိုလ်စက်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၇ ရက်တွင်လည်း စစ်ကောင်စီတပ်များသည် ဇင်းချောင်းကျေးရွာရှိ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးပြီး ရွာရှိအဖိုးတန်းပစ္စည်းများကို သံခွန် မော်တော်ရေယာဉ်ဖြင့် သယ်ယူဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက ဆက်လက်ပြောကြးသည်။

ထို့ပြင် ဒီဇင်ဘာ ၂၇ ရက် နေ့လည် ၁၁ နာရီခွဲ၀န်းကျင် ဇင်းချောင်းကျေးရွာသို့ အင်အား ၂၀ ပါ စစ်သင်္ဘောတစ်စီးသည် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ယင်းရွာတွင် အတိုင်ချတပ်စွဲထားသည့်အတွက် ၊ PDF ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ခဲ့သည့် စစ်ကောင်စီတပ်သာများကို စစ်ကား ၄ စီးဖြင့် ကြာအင်း စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းလည်းသိရသည်။

၅ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သာများ အသေအဆုံးနှင့် အထိအခိုက်များပြားခဲ့သော်လည်း မြေပြင်အနေအထားအရ လက်နက်များ သိမ်းဆည်းရမိခဲ့ခြင်းမရှိကြောင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

၅ ရက်တာ တိုက်ပွဲကို TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့နှင့်အတူ ဒေသကာကွယ်ရေးတပ်များဖြစ်သည့် တပ်ရင်း ၃၊ တပ်ရင်း ၄၊ ရပ်ကျေး ပကဖများနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ၊ ဆက်လက်တိုက်ပွဲများဖော်ဆောင်နိုင်ရန် ကျည်များလိုအပ်နေသည့်အတွက် ပြည်သူများက ကူညီကြရန် TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က နှိုးဆော်ထားသည်။

ဗီဒီရို- TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #သပိတ်ကျင်း #ကန့်ဘလူ