သထုံတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် နေအိမ် (၂)လုံး ပျက်စီး

Author လင်းနွေဦး
Categories
Published on Nov 18, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင်၊ သထုံ မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ယင်းမြို့နယ်တွင် အခြေစိုက်လှုပ်ရှားသော စစ်ကောင်စီ လက်အောက်ခံ အမှတ် (၉) ခြေမြန်တပ်ရင်းမှ နိုဝင်ဘာလ (၁၅) ရက် ညနေ (၃)နာရီ (၁၈)မိနစ်ခန့်တွင် အနီးကျေးရွာ များအတွင်းသို့ လက်နက်ကြီး (၄)လုံး ပစ်ခတ်ခဲ့သည့်အတွက် မင်းလွင်ကျေးနယ်၊ ထုံဘိုကြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာ အတွင်းရှိ နေအိမ် (၂)လုံး ဗုံးစ ထိမှန်ပျက်စီးခဲ့ရကြောင်း KNU က ဆိုသည်။

ထိုနေ့ နံနက်ပိုင်း (၁၁) နာရီ (၄၀) မိနစ်အချိန်တွင်လည်း ပိန္နဲတောတပ်စခန်းမှ လက်နက်ကြီး(၁)လုံးပစ်ခတ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း KNU ထုတ်ပြန် ချက်အတွင်း ဖော်ပြထားသည်။