သတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများသည် စစ်ရာဇ၀တ်မှုမြောက်နိုင်သည့် အနေအ ထားတွင်ရှိနေဟု FEM ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Nov 02, 2022

အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ သတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများသည် စစ်ရာ ဇ၀တ်မှုမြောက်နိုင်သည့် အနေအထားတွင်ရှိနေဟု Free Expression Myanmar က ယနေ့တွင် ထုတ်ပြန်ထားသည်။

ဂျီနီဗာ သဘောတူစာချုပ်များအပါအ၀င် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ၏ အရပ်သားများဟူသော ဖွင့်ဆိုချက်တွင် သတင်းထောက်များ အထူးသဖြင့် ပါ၀င်နေကြောင်း၊ သတင်းထောက်များအပေါ် တိုက်ရိုက်တိုက်ခိုက်ခြင်း၊ ကြောက်လန့်အောင်ပြုမှုခြင်း၊ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ ရိုက်နှက်ပြစ်ဒဏ်ပေးခြင်း၊ အဓ္ဓမပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ဥပဒေအရတရားမျှတ လုံလောက်သည့် အကြောင်းပြချက် မရှိဘဲ လွတ်လပ်မှု ဆုံးရှုံးစေခြင်းတို့သည် စစ်ရာ ဇ ၀တ်မှုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ စစ်ရာဇ၀တ်မှုများအားလုံးကို နိုင်ငံတကာနှင့် နိုင်ငံတကာမဟုတ်သည့် လက်နက်ကိုင် ပဋိပက္ခနှစ် မျိုးလုံးတွင် တားမြစ်ထားကြောင်း Free Expression Myanmar ကဆိုသည်။

ထို့ပြင် စစ်အာဏာသိမ်းပြီးနောက် အသတ်ခံရသည့် သတင်းထောက် ၄ဦးရှိခဲ့ပြီး၊ ဓာတ်ပုံဆရာ ကိုစိုးနိုင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်အတွင်း စစ်တပ်မှ ဖမ်းဆီးထိန်းချုပ်ထားစဉ် အသတ်ခံခဲ့ရကာ၊ သတင်းထောက် ကိုစိုင်း၀င်းအောင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် စစ်တပ်မှ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက်သေဆုံးခဲ့ကြောင်း၊ သတင်းထောက် ပူးသွီဒင်းသည် ယခုနှစ် ဇန်နဝါရီလတွင် စစ်တပ်၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးချုပ်နှောင်မှု ခံနေရစဉ်အတွင်း ရက်စက်စွာသတ်ဖြတ်ခံခဲ့ရကြောင်း၊ ဓာတ်ပုံဆရာ ကိုအေးကျော်သည် ယခုနှစ် ဇူလိုင် ၃၀ တွင် စစ်တပ်မှ ဖမ်းဆီးချုပ်နှောင်ထားစဉ် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် အာဏာမသိမ်းခင်ကာလတွင်လည်း အသတ် ခံခဲ့ရသည့် သတင်းထောက်ငါးဦးရှိပြီး ယင်းဖြစ်စဉ် တွင် ပါ၀င်သည့်သူများသည် လက်ရှိအချိန်ထိ ရာဇ ၀တ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်နေသည်ဟု Free Expression Myanmar ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်တပ် ထိန်းချုပ်ထားသည့် ရဲနှင့် တရားရုံးများသည် စုံစမ်းစစ်ဆေးခြင်းနှင့် ကျူးလွန်သူများကို အပြစ်ပေးအရေးယူခြင်းတို့ကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်သလို ပြုလုပ်မည်မဟုတ်ဘဲ ပြည်တွင်း တရားစီရင်ရေး ကုန်ဆုံးသွားပြီဖြစ်သောကြောင့်၊ နိုင်ငံတကာ တရားရုံးများနှင့် နိုင်ငံတကာ ယန္တရားများအပါအ၀င် နိုင်ငံတကာရှိ တာ၀န်ရှိသူများအားလုံးအနေဖြင့် ကျူးလွန်သူများကို တာ၀န်ခံရစေရန် ဆောင်ရွက့်သင့်ကြောင်း Free Expression Myanmar ကထုတ်ပြန်ထားသည်။