သင်ဇာဝင့်ကျော်နှင့်နန်းမွေစံ ကို မရမ်းကုန်းနှင့်မြောက်ဒဂုံမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေး

Author အောင်နိူင်သူ
Categories
Published on Sep 14, 2022

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့နှစ်ဦးကို ယနေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်တရားရုံးနှင့် မြောက်ဒဂုံမြို့နယ်တရားရုံးတို့မှာ ရုံးထုတ်စစ်ဆေးခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းက သိရသည်။

ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ယနေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်တရားရုံးမှာ အီလက်ထောနစ်ဥပဒေပုဒ်မ ၃၃ (က)ဖြင့် ရုံးထုတ်ရမန်ယူခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

“သူတို့ကို ရုံးထုတ်ရမန်ယူတာပါ စစ်တပ်က တရားလိုလုပ်ပြီးစွဲတာပါ နောက်ပိုင်း အင်းစိန်ထောင်မှာပဲ စစ်မယ်နဲ့တူတယ်”ဟု ပြောသည်။

အလားတူပင် မော်ဒယ်နန်းမွေစံကိုလည်း ယနေ့ နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ်တရားရုံးမှာ အီလက်ထောနစ်ဥပဒေပုဒ်မ ၃၃(က)နှင့် ရုံးထုတ်စစ်ဆေးခဲ့သည်ဟု ရှေ့နေတစ်ဦးက ပြောသည်။

“နှစ်ဦးစလုံးကို ရုံးထုတ်တာပါ သင်ဇာဝင့်ကျော်ကိုလည်း ရုံးထုတ်တယ် မရမ်းကုန်းတရားရုံးမှာ အခုတော့ အင်စိန်ထောင်ကို ပြန်ပို့လိုက်ပြီ”ဟု ရှင်းပြသည်။

သင်ဇာဝင့်ကျော်နှင့် နန်းမွေစံ တို့ (၂) ဦးကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ-၃၃(က)နှင့် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်က စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဥ်းထောင်ကို ပို့ဆောင်ခဲ့တာဖြစ်သည်။