ဝမ်းတွင်းမြို့နယ် သဲတောလေးကျေးရွာတွင် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံး

Author ကိုပေါက်
Categories
Published on Dec 12, 2022

ဝမ်းတွင်းမြို့နယ် သဲတောလေးကျေးရွာတွင် ယမန်နေ့ ည ၈နာရီခန့်က စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

သဲတောလေးကျေးရွာတွင် စစ်ကောင်စီခန့် ရာအိမ်မှူးဦးစံရှိန်ကို အမည်မသိအမျိုးသားများက နေအိမ်သို့ လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“စစ်တပ်ရော ရဲရော သတင်းပေးတာ နောက်တော့ ပြည်သူ့စစ်ဖွဲ့ဖို့ နှိုးဆော်တာတွေရှိတယ် အဲ့ဒါကြောင့် ပစ်ခံရတာဖြစ်မှာ ပွဲချင်းပြီးပဲ “ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ ရာအိမ်မှူးဦးစံရှိန်မှာ ကျည်ထိမှန်ဒဏ်ရာ ခုနှစ်ချက်ရရှိကာ နေအိမ်တွင် သေဆုံးခဲ့ပြီးရုပ်အလောင်းကို ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

” စစ်တပ်နဲ့ ရဲတွေလာပြီး အလောင်းသယ်သွားတယ် ရွာကလူတွေကို စစ်သေးတယ် ရှစ်နာရီဆိုတော့ ရွာကလူတွေကအပြင်မှ သိပ်မထွက်တော့တာ”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များက သဲတောလေးကျေးရွာအတွင်း စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဝမ်းတွင်းမြို့ #သဲတောလေးကျေးရွာ #ရာအိမ်မှူး #ပစ်ခတ်မှု