လှိုင်သာယာမှာ စက်ရုံလုံခြုံရေးများကို ဓါးထောက်ကြိုးတုပ်ပြီး စက်ရုံအတွင်း ATM စက်မှ ပိုက်ဆံများခိုးယူသွား
ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် လုံခြုံရေးဝန်ထမ်းများကို ဓားထောက်ကြိုးတုပ်ပြီး စက်ရုံအတွင်းမှာရှိသည့် ATMစက်မှ ငွေများကို ဖောက်ထွင်းလုယူမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FGWMမှထုတ်ပြန်ထားသည်။
လှိုင်သာယာ စက်မှုဇုန် ၂ အတွင်းရှိ SIOEN Myanmar အထည်ချုပ်စက်ရုံတွင်စက်တင်ဘာလ ၃ ရက်နေ့ မနက် ၃ နာရီဝန်းကျင်၌ လူ ၆ဦးခန့်ကစက်ရုံတံခါးကိုဖွင့်ခိုင်းခဲ့ပြီး စက်ရုံလုံခြုံရေးဝန်ထမ်းများက ဖွင့်မပေးတဲ့အတွက် အုတ်တံတိုင်းနံရံပေါ်မှကျော်တက်ကာ အတွင်းသို့ဝင်ခဲ့ရောက်ကာ လုံခြုံရေး ၃ ဦးနှင့် ကားသမား ၂ ဦး ကို ဓား နဲ့ထောက်ကြိုးနဲ့တုပ်ပြီး ATM စက်ကိုဖောက်ထွင်းကာ စက်အတွင်းရှိငွေများကို ယူဆောင်သွားတာဖြစ်ကြောင်း သိရသည်။
“အရင်တစ်လလောက်က လူလေးငါးယောက်က ဘယ်နေ့လစာထုတ်မှာလဲ စက်ရုံက ဖယ်ရီကားတွေ ဘယ်အချိန်ပြန်လွတ်လဲဆိုပြီး စက်ရုံရှေ့မှာ မုန့်ရောင်းနေတဲ့ဈေးသည်တွေကို မေးမြန်းမှု့တွေရှိခဲ့သည်ဟု အလုပ်သမားတချို့က ပြောပြတာတွေရှိခဲ့ကြောင်းလည်း FGWM၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါဖောက်ထွင်းမှုအတွင်း ATMစက်မှ ငွေပမာဏမည်မျှပါသွားကြောင်း အတိကျမသိရသေးပဲ စစ်သားနဲ့ရဲများက လာရောက်စစ်ဆေးမှု့တွေ ပြုလုပ်ခဲ့ကြောင်း သိရသည်။
#လှိုင်သာယာမြို့နယ် #အထည်ချုပ်စက်ရုံ #ATMစက် #ဖောက်ထွင်းခိုးယူခံရ