လှိုင်တွင် အငြိမ်းစားသံအမတ်ကြီးနှင့် သားမက်ဖြစ်သူ ပစ်ခတ်ခံရပြီးသေ

Author အောင်နိူင်သူ
Categories
Published on Sep 24, 2022

လှိုင်မြို့နယ်တွင် အငြိမ်းစားသီရိလင်္ကာသံအမတ်ကြီးနှင့် သားမက်ဖြစ်သူတို့နှစ်ဦး ယနေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံတွေထံမှ သိရသည်။

လှိုင်မြို့နယ် ၁၂ ရပ်ကွက် သဘာဝရိပ်ငြိမ်လမ်းတွင် နေထိုင်သည့် အငြိမ်းစားသံအမတ်ကြီးနှင့် သားမက်ဖြစ်သူတို့ကို ယနေ့ နေ့လယ်သုံးနာရီဝန်းကျင်က အမည်မသိသေနတ်ကိုင်ဆောင်သူများက ပစ်ခတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အပြင်ကနေ ပြန်လာပြီး ခြံတံခါးဖွင့်နေတဲ့အချိန် ပစ်သွားတာ နှစ်ဦးစလုံး ပွဲချင်းပြီးပဲ”ဟု ရှင်းပြသည်။

သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသူမှာ အငြိမ်းစား သီရီလင်္ကာ သံအမတ်ကြီးဦးအုန်းသွင်နှင့်သား မက်ဖြစ်သူတို့ဖြစ်သည်ဟု သံရုံးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် လှိုင်မြို့နယ်ရှိ လမ်းများအားလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ရှာဖွေနေသည်ဟု မြို့ခံတွေဆီက သိရသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင်စက်တင်ဘာ ၁ ရက်မှ ၂၄ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၃၃ ကြိမ်ဖြစ်ခဲ့ပြီး ၉ဦးသေဆုံးကာ ၁၃ဦးဒဏ်ရာရရှိခဲ့သည်။
ပုံစာညွှန်း- လှိုင်မြို့နယ်အတွင်း ပစ်ခတ်မှုပုံအဟောင်းကို အသုံးပြုထားပါသည်။