လှည်းကူးမြို့နယ် ညောင်နှစ်ပင်အနီးတွင် ရိုဟင်ဂျာ ၆၈ဦး ဖမ်းဆီးခံရ

Author ကိုပေါက်
Categories
Published on Nov 28, 2022

လှည်းကူးမြို့နယ် ညောင်နှစ်ပင်ဇုန် ၁ အနီးတွင် ယနေ့မနက် ၇နာရီခန့်က ၁၂ ဘီး ယာဥ်ပေါ်တွင်လိုက်ပါလာသည့် ရိုဟင်ဂျာ ၆၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

စစ်ကောင်စီတပ်အပါအဝင် အဖွဲ့အစည်းပေါင်းစုံက ယနေ့ မနက်ပိုင်းက ညောင်နှစ်ပင် ဇုန် ၁ အနီးတွင် အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ၁၂ ဘီးယာဥ်ကို စစ်ဆေးခဲ့ရာ ယာဥ်အနောက်တွင် ပုန်းခိုလိုက်ပါသည့် ရိုဟင်ဂျာ ၆၈ ဦးကို ဖမ်းဆီးခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ယာဥ်မောင်းကိုပါဖမ်းပြီး စစ်ဆေးနေတယ် အားလုံးပေါင်းမိတာ ယောက်ကျ်ားလေးက ၅၄ ယောက် မိန်းခလေးက ၁၄ ယောက်ပါ အခုလက်တလော ရဲစခန်းမှာ စစ်ဆေးနေတယ်”ဟု ပြောသည်။

ဖမ်းဆီးရမိသူ အမျိုးသား ၅၄ ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့ကို လှည်းကူးမြို့မရဲစခန်းတွင် စစ်ဆေးနေပြီး လဝက ဥပဒေပုဒ်မဖြင့် အမှု့ဖွင့်အရေးယူထားသည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

“ဘယ်လိုရောက်လဲဆိုတာ စစ်ဆေးနေတယ် ရဲစခန်းက လဝကပုဒ်မနဲ့အရေးယူမှာ ပြီးရင် မြို့နယ်တရားရုံးမှာ တရားစွဲမယ်လို့ ကြားပါတယ်”ဟု ရှင်းပြသည်။

ပြီးခဲ့သည့်လတွေက ရန်ကုန်ရှိ မြို့နယ်အချို့တွင် ရိုဟင်ဂျာ သုံးရာနီးပါးကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့် တရားစွဲဆိုထားသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #လှည်းကူးမြို့ #ရိုဟင်ဂျာ