လှည်းကူးမြို့နယ်တွင် ဆိုင်ကယ်သူခိုးများ လိုက်ဖမ်းသည့် စစ်ကောင်စီတပ်သားနှစ်ဦး၏ ဆိုင်ကယ် အခိုးခံရ

Author ကိုပေါက်
Categories
Published on Nov 17, 2022

 

လှည်းကူးမြို့နယ် ဇရပ်ကွင်းလမ်းဆုံတွင် ယနေ့ ညနေပိုင်းက ဆိုင်ကယ်သူခိုးများကို စစ်ကောင်စီက ဆိုင်ကယ်များဖြင့် လိုက်လံဖမ်းဆီးရာ နေအိမ်အား ဝင်ရောက်စစ်ဆေးနေချိန်တွင် စစ်ကောင်စီတပ်သားများ စီးလာသည့် ဆိုင်ကယ်အခိုးခံရသည်ဟု မြို့ခံတွေဆီကသိရသည်။

ဇရပ်ကွင်းကျေးရွာ ဇရပ်ကွင်းလမ်းဆုံတွင် ယနေ့ ညနေလေးနာရီက ဆိုင်ကယ်ခိုးယူသူများ ရောက်ရှိနေသည်ဆိုသည့် သတင်းကြောင့် စစ်ကောင်စီတပ်မှ တပ်သားလေးဦးကဆိုင်ကယ်များဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာမှ ဆိုင်ကယ်အခိုးခံရတာဖြစ်သည်ဟု ကျေးရွာနေသူတစ်ဦးက CJ Platform ကို ပြောသည်။

“ဆိုင်ကယ်နှစ်စီးနဲ့ရောက်လာပြီး ရွာထိပ်မှာ ဆိုင်ကယ်ရပ်ထားပြီး စစ်တပ်ကွ ရဲမဟုတ်ဘူး ငါတို့လက်ထက်မှာ သူခိုးတွေ လုယက်တဲ့သူတွေမရှိစေရဘူးဆိုပြီး အကျယ်ကြီးအော်ပြောတာ အိမ်တစ်အိမ်ကို ဝင်စစ်တာ ပြန်ထွက်လာတော့ ဆိုင်ကယ်နှစ်စီးလုံးပျောက်သွားလို့ ဒေါသထွက်နေတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်သားလေးဦးသည် ဇရပ်ကွင်းကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်အား စစ်ဆေးပြီး ပြန်ထွက်လာချိန်တွင် ရွာထိပ်တွင်ရပ်ထားသည့် ဆိုင်ကယ်နှစ်စီးပျောက်ဆုံးသွား၍ စစ်တပ်ကိုဖုန်းဆက်ခေါ်ကာ ကားဖြင့်လာခေါ်ခိုင်းရသည်ဟု ကျေးရွာနေသူတစ်ဦးက CJ Platform ကိုပြောသည်။

“မင်းတို့တွေက မဟုတ်တော့ဘူး အတော်ကိုဆိုးနေပြီဆိုပြီး ဆဲဆိုနေတယ် အဲ့ဒါနဲ့တပ်ကိုဖုန်းဆက် တပ်က ကားနဲ့လာခေါ်တာ စီးလာတဲ့ဆိုင်ကယ်က ဗိုလ်ကြီးဆိုင်ကယ်လို့ပြောတယ် ဗိုလ်ကြီး အလျှော်တောင်းနေတယ်”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်သားလေးဦးသည် ရဲမွန်တပ်၊အင်းတိုင်နှင့်ဇရပ်ကွင်းကျေးရွာတွင် လမ်းလျှောက်၍ ပျောက်သွားသည့် ဆိုင်ကယ်နှစ်စီးကိုလိုက်ရှာနေသည်ဟု မြို့ခံတွေဆီက သိရသည်။

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

ပုံစာညွှန်း- စစ်ကောင်စီတပ်သားများ ဆိုင်ကယ်ရပ်ထားခဲ့သည့် နေရာမြင်ကွင်း

#CjPlatform #လှည်းကူးမြို့ #ဇရပ်ကွင်းလမ်းဆုံ #ဆိုင်ကယ်ပျောက်