လှည်းကူးတွင် သေဆုံးနေသည့် ရိုဟင်ဂျာ ၁၃ ဦး၏ အလောင်းများကို လာရောက်စွန့်ပစ်ထား

Author ကိုပေါက်
Categories
Published on Dec 05, 2022

လှည်းကူးမြို့နယ် ဘားလားကျေးရွာ တပင်ရွှေထီးလမ်းဘေးတွင် ယနေ့ နံနက်ပိုင်းက သေဆုံးနေသည့် ရိုဟင်ဂျာ၁၃ ဦး၏ ရုပ်အလောင်းများကို လာရောက် စွန့်ပစ်ထားသည်ဟု မြို့ခံတွေဆီက သိရသည်။

ဘားလားကျေးရွာ တပင်ရွှေထီးလမ်းဘေးတွင် ယနေ့ နံနက် ၇ နာရီက ဒဏ်ရာမရှိဘဲ သေဆုံးနေသည့် ရိုဟင်ဂျာအမျိုးသား ၁၃ ဦး၏ ရုပ်အလောင်းများကို လာရောက်စွန့်ပစ်ထား၍ စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက လာရောက်စစ်ဆေးကြသည်ဟု ကျေးရွာနေသူတစ်ဦးက CJ
Platform ကိုပြောသည်။

“ကြည့်ရတာ အောက်ဆီဂျင်ပြတ်ပြီး သေသွားတာဖြစ်မယ် ဘာဒဏ်ရာမှမရှိဘူး အကုန်လုံး ယောက်ျားလေးတွေချည်း ၁၈ တောင်မပြည့်သေးဘူး အကုန်လုံးက “ဟု ပြောသည်။

လာရောက်စွန့်ပစ်ထားသည့် ရိုဟင်ဂျာ ၁၃ ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်မှ လူနာတင်ယာဥ်များဖြင့် သယ်ဆောင်ကာ လှည်းကူးမြို့မဆေးရုံကြီးကို ပို့လိုက်သည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

“လှည်းကူးမှာ ပြီးခဲ့တဲ့လကပဲ ဖမ်းခံရတာ သုံးကြိမ်ရှိတယ် တစ်ရာနီးပါးလောက်ရှိမယ် အခုလဲ လှည်းကူးမှာပဲ လာဖြစ်တာ “ဟု ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးပိုင်းမှ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးနေကြောင်း ကျေးရွာနေသူတွေဆီက သိရသည်။

ယခုကဲ့သို့ ရိုဟင်ဂျာများ အသက်ဆုံးပါးမှုနှင့် အလောင်းများ လာရောက်စွန့်ပစ်ထားသည့်အပေါ် CJ Platform အနေဖြင့် သီးခြား သတင်းအတည်ပြုချက်များ ထပ်မံဖော်ပြနိုင်ရန် CJ Platform ၏ မြေပြင်သတင်းထောက်များမှ ချိတ်ဆက်စုံစမ်းနေစဲ ဖြစ်သည်။

ပြီးခဲ့လကလည်း လှည်းကူးမြို့နယ် အမြန်လမ်း ၊တာဆုံနဲ့ ဇီရိုးမိုင်မှာ သုံးကြိမ်တိုင် ရိုဟင်ဂျာ တစ်နာရီနီးပါး ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဥ်လည်း ရှိသည်။

ဓာတ်ပုံ-CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရိုဟင်ဂျာ #လှည်းကူး #အလောင်း