လှည်းကူးတွင် စွန့်ပစ်ခံထားရသည့် ရိုဟင်ဟင်ဂျာများ၏ အလောင်းများတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိဟုဆို ၊ ဘာသာရေးအရ သင်္ဂြိုဟ်နိုင်ရန် ဥပဒေအရ ကြိုးစားနေ

Author CJ Platform
Categories
Published on Dec 05, 2022

လှည်းကူးမြို့နယ် ဘားလားကျေးရွာ တပင်ရွှေထီးလမ်းဘေးတွင် ယနေ့ နံနက်ပိုင်းက သေဆုံးနေသည့် ရိုဟင်ဂျာ၁၃ ဦး၏ ရုပ်အလောင်းများကို လာရောက် စွန့်ပစ်ထားသည်ကို စစ်ဆေးရာတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိရသည်ဟု အခင်းဖြစ်နေရာသို့ သွားရောက် စုံစမ်းခဲ့သည့် CJ Platform ၏ သတင်းထောက်မှ သတင်းပေးပို့သည်။

“အလောင်းတွေကို စစ်ဆေးမှုအရ သေဆုံးတာက တစ်ရက်ကျော်ကြာပြီလို့ ပြောတယ်၊ အလောင်းတွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေရှိတယ်၊ ခြေထောက်တွေမှာ ရေနူးနေတဲ့ ဖြစ်စဉ်တွေကို တွေ့ရတယ်၊ သေဆုံးပြီး တစ်ရက်အကြာမှ လာပစ်သွားတဲ့ ပုံစံပါ၊ အချုပ်ခံထားရတဲ့ ဒဏ်ရာတွေကိုပါ တွေ့ရတယ်၊ ဥပဒေအရ ရှေ့နေတွေကလဲ ကူညီဖို့ လုပ်ဆောင်နေတယ်”ဟု CJ Platform၏ သတင်းထောက်မှ သတင်းပေးပို့သည်။

ယနေ့ မနက် ၇နာရီခန့်တွင် ဘလားကျေးရွာ တပင်ရွှေထီးလမ်းဘေးတွင် သေဆုံးနေသည့် ရိုဟင်ဂျာအမျိုးသား ၁၃ဦး၏ အလောင်းများကို ပြည်သူများမှ တွေ့ရှိပြီးနောက် သက်ဆိုင်ရာများသို့ အကြောင်းကြားရာတွင် လာရောက်စစ်ဆေးပြီးနောက် ယခုကဲ့သို့ သိရှိရခြင်းဖြစ်သည်။

အလောင်းများအား ရင်ခွဲစစ်ဆေးပြီးချိန် ကန့်ကွက်သည့် အဖွဲ့အစည်းများ မရှိပါက ဘာသာရေး ဓလေ့ထုံးစံများအရ လာမည့် ဒီဇင်ဘာလ ၆ရက်နေ့တွင် သင်္ဂြိုဟ်ခွင့်များ ပေးသွားမည်ဟု စစ်ကောင်စီ တာဝန်ရှိသူများမှ ပြောကြားထားကြောင်းလည်း CJ Platform သတင်းထောက်မှ ဆက်လက် သတင်းပေးပို့ထားသည်။

ယခုဖြစ်စဉ်နှင့် ပက်သက်ပြီး နောက်ဆက်တွဲ သတင်းရရှိမှုများကို CJ Platform အနေဖြင့် ဆက်လက်ဖော်ပြပါမည်။
အလောင်းများတွေ့ရှိသည့် သတင်းအား အောက်ပါလင်ခ့်တွင် ဖတ်ရှု့နိုင်ပါသည်။

လှည်းကူးတွင် သေဆုံးနေသည့် ရိုဟင်ဂျာ ၁၃ ဦး၏ အလောင်းများကို လာရောက်စွန့်ပစ်ထား


#CjPlatform #ရိုဟင်ဂျာ