လွိုင်ကော် အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး ထပ်မံသေဆုံး

Author ခေတ်နီ
Categories
Published on Oct 14, 2022

ကရင်နီပြည် လွိုင်ကော်အကျဥ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဥ်းသားတစ်ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ ဖြင့် ထောင်ဒဏ် ၅ နှစ်ကျခံနေရသည့် အသက် ၂၁ နှစ်အရွယ် မောင်ငယ်ဆိုသူသည် ယမန်နေ့ညပိုင်းမှာ လွိုင်ကော်အကျဥ်းထောင်အတွင်း သေဆုံးသွားတာပဲ ဖြစ်သည်။

မောင်ငယ်ဟာ ၂၀၂၁ခုနှစ် အတွင်းလွိုင်ကော်စစ် ဆေးရေးဂိတ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာဖမ်းဆီးခံခဲ့ရတာဖြစ် ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ဖြင့် တရားစွဲဆိုခံရကာ လွိုင်ကော်အကျဥ်းထောင်အတွင်း ထောင်ဒဏ် ၅ နှစ်ကျခံနေရစဥ် ဆေးကုသမှု ကောင်းမွန်စွာမရရှိခဲ့မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း သိရသည်။

“သူက ရောဂါတခုခုကြောင့် ဆုံးတယ်လို့သိရတယ် ပေါ့ ရင်ခွဲရုံကဆရာဝန်ပြောတာတော့လေပြွန်မှာ ပြဿနာဖြစ်တယ်တော့ ပြောတယ် တိတိကျကျတော့ မသိရဘူး သူ့ဦးလေးပြောပြတာတော့ အဆုတ် မှာ တီဘီရောဂါအခံရှိတယ်လို့ ပြောတယ် ဆေးကုသ မှုမရတာပဲပါတာပေါ့ ဆုံးသွားပြီး အလောင်းတော့ပြန်မရဘူး”ဟု သေဆုံးသူ၏ မိသားစုများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ကရင်နီပြည်အတွင်း ရဲချုပ် ၊စစ်ကြောရေး၊ အကျဉ်းထောင်များအထဲမှာ နိုင်ငံရေးပုဒ်မနှင့် ဖမ်းဆီခံရပြီး နှိပ်စက်ခံရမှုများ ၊ဆေးကုသမှု လုံလောက်စွာမရရှိခဲ့မှုများကြောင့် သေဆုံးသူ(၇)ဦးထိရှိလာခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုPKPFက ထုတ်ပြန်ထားသည်။