လွိုင်ကော်တွင် တနေ့တည်းလူငယ် ခြောက်ဦးထက်မနည်းဖမ်းဆီးခံရ

Author ခေတ်နီ
Categories
Published on Oct 14, 2022

ကရင်နီပြည် လွိုင်ကော်မြို့တွင် ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့၌ လူငယ် ခြောက်ဦးထက်မနည်း အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရကြောင်း CJ Platform၏ ကရင်နီပြည် သတင်းအရင်းအမြစ်ထံမှ သိရသည်။

ယနေ့မနက်ပိုင်းတွင် လွိုင်ကော်မြို့နယ် နွားလဝိုးအဝင်၌ ကားနှင့်လာရောက်သည့် လူငယ်(၂)ဦးအဖမ်း ခံရပြီးနောက် နေ့လယ်ပိုင်းတွင် နောင်ယားရပ်ကွက် အတွင်းရှိ ဆိုင်တစ်ခုတွင် လူငယ်(၃)ဦး ကို အရပ်ဝတ်များ ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များက ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါလူငယ် (၃) ဦးကိုဖမ်းဆီးချိန်တွင် ဦးခေါင်းများကို အဝတ်မဲများဖြင့်အုပ်ပြီး ဖမ်းဆီးသွားကြောင်းနှင့် မည်သည့်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘာအတွက်ကြောင့် ဖမ်းဆီးသွာသည်ကို မသိရှိရ သေးပါဘူး။

“အဲ့ဆိုင်မှာ ကလေးတွေက မူကထစားနေကြတာ သူတို့က အရပ်ဝတ်နဲ့ အိမ်စီးကားတွေနဲ့ ရောက်လာပြီး ဖမ်းခေါ်သွားတာပဲ တကယ်တော့ လေးယောက် သုံးယောက်ပဲ စာရင်းပြတာလားတော့မသိဘူး”ဟု ထိုဖြစ်စဥ်ကို မြင်တွေ့လိုက်ရသူတစ်ဦးက CJ Platform ကို ပြောသည်။

ထို့အပြင် လွိုင်ကော် ဘူတာရုံအနီးတွင်လည်း လူငယ် တစ်ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခ့များထံမှ သိရသည်။

ဖမ်းဆီးခံရသည့် လူငယ်များ၏ အမည်များနှင့် အသေးစိတ်အချက်အလက်များကို CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။