လျှပ်စစ် မရရှိသည့် ဒေသများတွင် အသေးစား ရေအားလျှပ်စစ်ဖြင့် မီးပေးနိုင်ရန် လေ့လာမှုများပြုလုပ်နေဟု NUG ၀န်ကြီးပြောကြား

Author လင်းခိုင်
Categories
Published on Oct 15, 2022

လျှပ်စစ်မရရှိသေးသည့် ဒေသများတွင် အသေးစားရေအားလျှပ်စစ်ဖြင့် မီးပေးနိုင်ရန် လေ့လာမှုများပြုလုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီး ဦးစိုးသူရထွန်း ကပြောကြားသည်။

“ကျွန်တော်တို့ အစိုးရအဖွဲ့ဖွဲ့ပြီး UNDP နဲ့ပေါင်းပြီးတော့ အထူးသဖြင့် ကရင်ပြည်၊ ချင်းပြည်၊ ကရင်နီပြည်မှာ ကြိုးစားပြီးလုပ်ကိုင်ခဲ့တဲ့အခါ နိုင်ငံတကာ အထောက်အပံ့က ရှေ့ကို တိုးမလာသေးပါဖူး။ ကျွန်တော်တို့ဖာကျွန်တော်တို့လုပ်ရပါတယ်။ ဆိုလာ၊ နောက်ပြီးတော့ အသေးစား ကျေးရွာ ရေအားလျှပ်စစ်ပေါ့၊ ဥပမာ ဒေါနတောင်တန်းက ပေခုနှစ်ရာရှစ်ရာလောက်ကကျလာတဲ့ ဟာမျိုးကိုလုပ်ဖို့ဒါတွေကို လိုက်လေ့ပါတယ် ။CDM ၀န်ထမ်းတွေရဲ့နည်းပညာအားကိုယူပြီးတော့ ကြိုးစားနေတယ်။ အောင်တော့ မအောင်မြင်သေးပါဖူး”။

ထို့ပြင် PDF စခန်းများ၌ ဆိုလာဖြင့် လျှပ်စစ်မီးရရှိနိုင်ရန် ဆောင်ရွက်နေပြီး အလှူခံရရှိမှုပေါ်မူတည်ကာဆောင်ရွက်ပေးနေကြောင်း၊ လက်ရှိတွင် တနင်္သာရီနှင့် ကရင်ပြည်နယ်ရှိ နေရာအချို့တွင် တပ်ဆင်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စု၀န်ကြီးကပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် အသေးစားရေအားလျှပ်စစ်ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း PDF ကလေးတပ်ရင်း ၁၂ က စက်တင်ဘာလအတွင်းထုတ်ပြန်ခဲ့သေးသည်။

Related News

Depend on news