လေအေးနှင့် လေနွေးတွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြား အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

Published on Nov 28, 2022

 

လေအေးနှင့် လေနွေးတွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြား အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

နို၀င်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၄ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်၀န်းဒေသမှ ရွေ့လျားလာမည့် လေအေးများ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့ အချိန်အခါမဟုတ် မိုးရွာသွန်းမည်ဖြစ်သည်။

မိုးရွာသွန်းနိုင်သည့် တိုင်းနှင့် ပြည်နယ်များသည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့်အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းမည် ဖြစ်သည်။

“ မိုးရာသီကုန်ဆုံးပြီဖြစ်ပေမဲ့ လာနီညာဖြစ်စဉ် ရှိနေသေးတာကြောင့် အစွန်းရောက်ရာသီဥတု အခြေအနေတွေဖြစ်နေဦးမှာပါ” ဟု မိုးလေ၀သစောင့်ကြည့်လေ့လာသူ ဦး၀င်နိုင်က ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ထိုကဲ့သို့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေ၀သဖြစ်စဉ်များလည်း ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန် မိုးဇလက ထုတ်ပြန်ထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

Related News

Depend on news