လူ၅၀ကျော်သေဆုံးခဲ့သည့် ဖားကန့် လေကြာင်းတိုက်ခိုက်ခံရမှုအပေါ် ဧရာဝတီလူငယ်များသမဂ္ဂ ဝမ်းနည်းကြောင်းထုတ်ပြန်

Author ခေတ်နီ
Categories
Published on Oct 24, 2022

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၏ ၆၂ နှစ်ပြည့်အခမ်းအနား အကြိုတေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီမှ လေကြာင်းဖြင့် ပစ်ခတ်တိုက်ခိုက်တာကြောင့် သေ ဆုံးခဲ့သူများအတွက် အထူးဝမ်းနည်းရကြောင်း ဧရာဝတီလူငယ်များအဖွဲ့က ထုတ်ပြန်ထားသည်။

ဖားကန့်မြို့နယ် ကံဆီးကျေးရွာအုပ်စု အနန့်ပါဒေသတွင်ပြုလုပ်သည့် KIO ၆၂ နှစ်ပြည့်အခမ်းအနား အကြို တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီတပ်မှ တိုက်လေယာဥ် ၃ စီးဖြင့် ယမန်နေ့ည ၈နာရီ ခွဲဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် KIOအရာရှိများအပါအဝင် ကချင်အနုပညာရှင်များနှင့် အရပ်သား၅၀ကျော်သေဆုံးပြီး ၁၀၀နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်သည်။

ယခုလိုတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုတစ်ခုဖြစ်ပြီး စက်ဆုပ်ရွံ့ရှာဖွယ်ရာလုပ်ရက်ဖြစ်တာကြောင့် ကျဆုံးခဲ့သူများနှင့်အတူ စစ်အာဏာရှင်စနစ်ကျရူံးသည်အထိ တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ချက်မှာပါရှိသည်။

ထိုသို့ အရပ်သားများသေဆုံးခဲ့သည့်အပေါ် အမျိုးသားညီညွှတ်ရေးအစိုးရ ၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ရက္ခိုင့်တပ်တော်နှင့် တော်လှန် ရေးအဖွဲ့အစည်း အသီးသီးမှလဲ ဝမ်းနည်းကြောင်းထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်။

Related News

Depend on news