“လူ့အသက်ထက် အရေးကြီးတာ ဘာမှ မရှိ” ဟု စစ်ကောင်စီ ဒုခေါင်းဆောင် အရှက်မရှိပြော

Author လင်းခိုင်
Categories
Published on Dec 13, 2022

 

မြန်မာနိုင်ငံအနှံ့ ပြည်သူများကို သတ်ဖြတ်နေပြီး၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည့် စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် စိုး၀င်းက “လူ့အသက်ထက် အရေးကြီးတာ ဘာမှ မရှိ” ဟု ဒီဇင်ဘာ ၁၂ ရက်က တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

စိုး၀င်းက တပ်မတော်သည် ပြည်သူလူထုအပေါ် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့ပါကလည်း လူသားချင်း စာနာထောက်ကူမှုနှင့် သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ပါက လူသားချင်း စာနာထောက်ကူမှုနှင့် သဘာဝဘေးဒုက္ခ ကယ်ဆယ်ရေးလုပ်ငန်းများကို မင်းအောင်လှိုင်၏ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့်အတိုင်း အမိန့်စောင့်ရန် မလိုဘဲ အချိန်နှင့် တပြေးညီ ကူညီဆောင်ရွက်ပေးခြင်းဖြင့်လည်း ပြည်သူများနေဖြင့် တပ်မတော်သားများအပေါ် ယုံကြည်အားကို အလေးထားမှုပိုမိုရရှိကာ စစ်တပ် အရပ်ဘက် ပူးပေါင်းဆောင်ရွက်နိုင်မှု တိုးတက်ကောင်းမွန်ပြီး နိုင်ငံ၏ ရေရှည်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးတည်ဆောက်ရာတွင် တစ်စည်းတစ်လုံးတည်း လက်တွဲညီညာစွာဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တပ်မတော်သားများသည် ပြည်သူလူထုက ပေါက်ဖွားလာသည့် ဖြစ်သောကြောင့် ပြည်လူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးရမည့်အပြင် ပြည်သူများ၏ နေ့စဉ် လူမှုဘ၀ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရမည်ဟု ယင်းက ပြောကြားသည်။

စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုး၀င်းက ယင်းကဲ့သို့ ပြောကြားသေ်ာလည်း စစ်တပ်အာဏာသိမ်းပြီး နောက် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ် ၃၈၃၈၃ လုံးပျက်စီးခဲ့ရကာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၇၄၉၆ လုံးအများဆုံးဖျက်ဆီးခံခဲ့ရသည်။

ထို့ပြင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို စစ်ဘက်၊ အရပ်ဘက် ခွဲခြားခြင်းများမရှိဘဲ အသုံးပြုခဲ့ပြီး ထင်ရှားခဲ့သည့် ဖြစ်စဉ်များသည် လူ ၈၀ ကျော်သေဆုံးခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနန့်ပါဖြစ်စဉ်နှင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ စာသင်ကျောင်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့မှုဖြစ်စဉ်များဖြစ်သည့်အပြင်၊ လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဒေသခံနေအိမ်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်နေသည်။

ထို့ပြင် စစ်ကောင်စီသည် တိုင်းပြည်အာဏာကို မတရားလုယူပြီးနောက် ယခုနှစ် ဒီဇင်ဘာ ၁၂ ရက်အထိ လပေါင်း နှစ်ဆယ်အတွင်း စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် အရပ်သား ဦးရေ ၂၅၇၂ ဦးအထိရှိပြီဖြစ်ကာ စုစုပေါင်း ၁၃၀၇၄ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရပြီး၊ ၁၃၉ ဦးသည် သေဒဏ်ချမှတ်ခံရကာ ၄၂ ဦးသည် မျက်ကွယ်သေဒဏ်ချမှတ်ခံထားရကြောင်း AAPP စာရင်းများအရ သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စိုးဝင်း