လိုင်းကြေး ထွက်ကောက်သည့် ရဲတပ်သား နှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Author မင်းထက်
Categories
Published on Jan 01, 2024

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် လိုင်းကြေးထွက်ကောက်သည့် ရဲတပ်သား နှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ဆက်သွယ်ရေးတာ၀န်ခံက CJ Platform သို့ ပြောသည်။

 

တောင်သာမြို့နယ် ၊ ကျောဇီကျေးရွာရဲစခန်းမှ လိုင်းကြေးကောက်ပြန်လာသော ရဲ နှစ်ဦးကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ၁၁ နာရီအချိန်တွင် ရှင်းလင်းခဲ့ကြောင်း ၊ ၄င်းနှစ်ဦးသည် ရဲတပ်ကြပ်တစ်ဦးနှင့်  ရဲတပ်သား တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

 

“ဒီရဲ နှစ်ယောက်က ရဲစခန်းကနေ လိုင်းကြေးထွက်ကောက်တာ လက်နက်တွေတော့ ပါမလာဘူး။ သူတို့ပြန်အလာ လမ်းဘေးတနေရာကနေစောင့်ပြီး ပစ်ခဲ့ရာမှာ ဆိုင်ကယ်နဲ့လူပါ ချောက်ထဲကျသွားပြီးတော့ ပွဲချင်းပြီးသေသွားတာ” ဟု မြင်းခြံခရိုင်အမှတ်-၃ တပ်ရင်းမှ ဆက်သွယ်ရေးတာဝန်ခံက ပြောသည်။

 

အဆိုပါ ရဲတပ်သား ၂ ဦးမှာ အရပ်ဝတ် ဝတ်ဆင်ကာ တလိုင်းတဲနဲ့ စည်သူကျေးရွာတွေဘက်ကနေ လိုင်းကြေးကောက်ယူပြီး ရဲစခန်းသို့ ဆိုင်ကယ်တစီးနှင့် ပြန်လာချိန်  စောင့်ကြိုပြီး ပစ်ခတ် ရှင်းလင်းခဲ့ခြင်ူဖြစ်ကြောင်း ၊ ၄င်းတို့ထံမှ လက်ပစ်ဗုံး တလုံး ၊ ငွေသား တစ်သိန်းခန့်၊ မှတ်ပုံတင်၊ ရဲဝန်ထမ်းကဒ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါတာ၀န်ခံက ပြောသည်။

 

ရဲတပ်သား နှစ်ဦး ပစ်ခတ်ရှင်းလင်းခံရပြီးနောက် စစ်ကောင်စီကားတစ်စီး ရောက်ရှိလာကာ  ၄င်းနှစ်ဦး၏ အလောင်းအား ကောင်ယူသွားကြောင်း ၊  ရဲစခန်းအတွင်း၌ ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

 

၄င်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပုဂံဘီလူးအဖွဲ့၊ The Value of Young Men (မြင်းခြံခရိုင်တပ်ရင်းအမှတ် ၈)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ  – မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း